Thursday, August 13, 2020

စစ်တွေမြို့၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ AA အကြမ်းဖက်သောင်းကျန်းသူများအား မူးယစ်ဆေးဝါးများနှင့်အတူ တပ်မတော်မှ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးကို.မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့အဝင် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော TVS အမျိုးအစား သုံးဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ စစ်တွေမြို့နေ ကျော်ကျော်ဝင်း(ဘ)ဦးဘသန်း ၃၃ နှစ်နှင့် စစ်တွေမြို့နေ ဦးသာဇံ(ဘ)ဦးအောင်ရွှေ ၃၀ နှစ်၊ မြေပုံမြို့နယ် တမ်ရာရွာနေ ဦးမောင်ပု(ဘ) ဦးမောင်လှစိန် ၃၇ နှစ်တို့အား AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတမ်းပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ စုံ၊ ပျောက်ကြားဘောင်းဘီ ၁ ထည်၊ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်သွယ်မှု မှတ်တမ်းများ၊ အထောက်အထား အချက်အလက်များပါရှိသည့် ဖုန်း ၂ လုံး၊ ပိုက်ဆံ ၁၂ သိန်းကျပ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀ ပြား (မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment