Friday, August 14, 2020

စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ AA အကြမ်းဖက်သောင်းကျန်းသူများအား မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း လုံခြံုရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်း ဘက်သို့ မောင်းနှင်လာသောသုံးဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်ကျော်ဝင်း(ဘ)ဦးဘသန်း (၃၈)နှစ်၊ မောင်ပု(ဘ)ဦးမောင်လှစိန် (၃၈)နှစ် နှင့် သာဇံ(ဘ)ဦးအောင်ရွှေ (၄၀)နှစ် တို့အားစိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀ ပြား၊ မြန်မာငွေ ၁၂ သိန်းကျပ်၊ လက်ကိုင်ဖုန်း ၃ လုံး၊ AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတန်းပါ စစ်စိမ်းရောင်ယူနီဖောင်း ၁ စုံ၊ အစိမ်းရောင်ပြောက်ကျားဘောင်းဘီရှည် ၁ ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ထဲမှ ၁ ဦးသည် ၂၀၁၂ ခုနှစ်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး လိုင်ဇာတွင်သင်တန်းအမှတ်စဉ် ၈/၂၀၁၂ သို့တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် AAA (ARAKAN ARMY ASSISTANT) တပ်ဖွဲ့ဝင်အဖြစ်တာဝန်ပေး၍ လူထုဆက်ဆံရေးပညာအားသင်ကြားခဲ့ရကြောင်း၊ AA အကြမ်း ဖက်အဖွဲ့သည် တိုက်ခိုက်ရေးလုပ်ငန်းဆောင်ရွက်ရပြီး AAA အဖွဲ့သည် ကျေးရွာများအတွင်းနေထိုင်၍စည်းရုံးရေး၊ လူသစ်စုဆောင်းရေးနှင့် အလှူငွေကောက်ခံသည့်လုပ်ငန်းများအားလုပ်ကိုင်ရကြောင်း၊ သင်တန်းဆင်းပြီးနောက် မြေပုံမြို့နယ်၊ကမ်းထောင်းကြီးတိုက်နယ်ရှိ ကမ်းထောင်းကြီးကျေးရွာ၊ ပေါက်တူးတောင်ကျေးရွာ၊ တပ်ရွာ၊ သရက် တောင်ကျေးရွာ၊ ကြီးတောကျေးရွာနှင့် စက်ခုံမော်ကျေးရွာတို့တွင် ယနေ့အချိန်အထိစည်းရုံးရေးလုပ်ငန်းများပြုလုပ်ပြီး AA အကြမ်းဖက်အဖွဲ့အတွက် လစဉ်အလှူငွေများကောက်ခံခဲ့ကြောင်း၊ တစ်လလျှင်အလှူငွေကျပ်သိန်း ၄၀ ခန့်ရ ရှိပြီး ကောက်ခံရရှိသည့်ငွေများဖြင့် စားနပ် ရိက္ခာများဝယ်ယူ၍ တောထဲရှိ AA အကြမ်းဖက်အဖွဲ့များထံသို့ ပို့ပေးခဲ့ရ ကြောင်း။
မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများကိုလည်း တာဝန်ပေးချက်အရဆောင်ရွက်ရပြီး ယ ခုဖမ်းဆီး ရမိမူးယစ်ဆေးဝါးများကို မာရမကြီး ကယ်ဆယ်ရေးစခန်းအနီးနေ အောင်သိန်း(စိစစ်ဆဲ)ထံမှရယူ ၍ ပါဒလိတ်စက် လှေဆိပ်သို့ပို့ဆောင်ရန် ၎င်းတို့ ၃ ဦးအတူသယ်ဆောင်လာစဉ် ဖမ်းဆီးခံရကြောင်းသိရှိရသဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့ရပ်တည်ရေးအတွက် ရခိုင်ပြည်နယ်၊ မြို့နယ်/ကျေး ရွာအုပ်စုများတွင် ငွေကြေး ကောက်ခံခြင်း၊ အမာခံများမွေးမြူခြင်း၊ မူးယစ်ဆေးဝါး တရားမဝင်သယ် ဆောင်ရောင်းဝယ်ခြင်းတို့လုပ်ဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားအောင် လက်နက်စွဲကိုင်အကြမ်းဖက်လုပ်ဆောင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ဥပဒနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref ; CCDAC Myanmar

0 comments:

Post a Comment