Thursday, August 6, 2020

AA အဖွဲ့က ရိုက်နှက်ခဲ့သော ဒဏ်ရာများကြောင့် ချင်းတိုင်းရင်းသားတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒလက်ချောင်းကျေးရွာအုပ်စု မင်္ဂလာဒုံကျေးရွာမှ ဦးအောင်စိုးအမည်ရှိ ချင်းတိုင်းရင်းသားတစ်ဦးမှာ AA အဖွဲ့ကရိုက်နှက်စစ်ဆေးခဲ့သော ဒဏ်ရာများကြောင့် သြဂုတ်လ ၅ရက်နေ့တွင် ၎င်း၏နေအိမ်၌ သေဆုံးသွားကြောင်း အမည်မဖေါ်လိုသူဒေသခံတစ်ဦးက ပြောကြားသည်။
ဦးအောင်စိုးသည် တပ်မတော်အား လမ်းပြအဖြစ်ဆောင်ရွက်ပေးခဲ့သည်ဟု AA အမာခံကသတင်းပေးခဲ့ပြီးနောက် AA အဖွဲ့ကသိရှိသွားပြီး တပ်မတော်နှင့်ပူးပေါင်းသည်ဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ် သည်ဟု အဆိုပါဒေသခံက ဆိုသည်။
"AA အမာခံတွေရှိတယ်။ တပ်မတော်နဲ့ ပူးပေါင်းပါတယ်ဆိုပြီးတော့ AA ကို သူက သတင်းပေးတဲ့အခါကျတော့။ AA က ဦးအောင်စိုးကိုရိုက်နှက်ပြီးတော့ စစ်မေးတယ်ပေါ့။ နောက်ဆုံးကြတော့ သူကတကယ် မဟုတ်ဘူးပေါ့။ တပ်မတော်စစ်ကြောင်းကနေ အကူအညီတောင်းလို့။ လမ်းပြခေါ်သွားလို့ လိုက်သွားရတယ်ဆိုတာ အဖြေထွက်တဲ့အခါကျတော့ AA တွေက ပြန်လွှတ်ပေးတယ်။ AA တွေက ရိုက်တဲ့ဒဏ်ရာတွေနဲ့ပဲ မနေ့ကဆုံးသွားတယ်ပေါ့နော်။ သူ့ရဲ့ရွာမှာ" ဟု အမည်မဖေါ်လိုသူ ဒေသခံက ပြောကြားခဲ့သည်။
ဦးအောင်စိုးသည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ဖမ်းဆီးခြင်းကိုခံရပြီး ၎င်းတို့ ရိုက်နှက်ခဲ့သော ဒဏ် ရာများကြောင့် သေဆုံးသွားသည်ဟု ခူမီးချင်းမျိုးနွယ် စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ မိုင်နန်းဝေကလည်း ပြောကြားသည်။
စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ်သားတစ်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းမှာ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတေရက ကန့်ကွက်ရှုံ့ချသည်။
ပလက်ဝမြို့နယ် တုန်းမဝရွာမှ အသက် ၆၂နှစ်အရွယ် ဦးလှကျော်ဆိုသည့် ချင်းအမျိုးသားတစ်ဦးသည်လည်း AA အဖွဲ့၏ဖမ်းဆီးခြင်းကို ခံရပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့ဝန်းကျင်တွင် မိသားစုဝင်များက ဦးလှကျော်၏ အလောင်းကိုပြန်တွေ့ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။
AA အဖွဲ့သည် စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ် သားများကို မကြာခဏဆိုသလို ဖမ်းဆီးလေ့ရှိပြီး ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ကျောက်တော်မှပလက် ၀သို့ပြန်လာသည့် ချင်းလူငယ်လေးဦးကိုလည်း ဖမ်းဆီးထားသည်။
crd-The Ladies News #Myanmar_Online_News
>>Zawgyi<<
AA အဖွဲ့က ရိုက်နှက်ခဲ့သော ဒဏ်ရာများကြောင့် ချင်းတိုင်းရင်းသားတစ်ဦးသေဆုံး
Thursday, August 6, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒလက်ချောင်းကျေးရွာအုပ်စု မင်္ဂလာဒုံကျေးရွာမှ ဦးအောင်စိုးအမည်ရှိ ချင်းတိုင်းရင်းသားတစ်ဦးမှာ AA အဖွဲ့ကရိုက်နှက်စစ်ဆေးခဲ့သော ဒဏ်ရာများကြောင့် သြဂုတ်လ ၅ရက်နေ့တွင် ၎င်း၏နေအိမ်၌ သေဆုံးသွားကြောင်း အမည်မဖေါ်လိုသူဒေသခံတစ်ဦးက ပြောကြားသည်။
ဦးအောင်စိုးသည် တပ်မတော်အား လမ်းပြအဖြစ်ဆောင်ရွက်ပေးခဲ့သည်ဟု AA အမာခံကသတင်းပေးခဲ့ပြီးနောက် AA အဖွဲ့ကသိရှိသွားပြီး တပ်မတော်နှင့်ပူးပေါင်းသည်ဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ် သည်ဟု အဆိုပါဒေသခံက ဆိုသည်။
"AA အမာခံတွေရှိတယ်။ တပ်မတော်နဲ့ ပူးပေါင်းပါတယ်ဆိုပြီးတော့ AA ကို သူက သတင်းပေးတဲ့အခါကျတော့။ AA က ဦးအောင်စိုးကိုရိုက်နှက်ပြီးတော့ စစ်မေးတယ်ပေါ့။ နောက်ဆုံးကြတော့ သူကတကယ် မဟုတ်ဘူးပေါ့။ တပ်မတော်စစ်ကြောင်းကနေ အကူအညီတောင်းလို့။ လမ်းပြခေါ်သွားလို့ လိုက်သွားရ
တယ်ဆိုတာ အဖြေထွက်တဲ့အခါကျတော့ AA တွေက ပြန်လွှတ်ပေးတယ်။ AA တွေက ရိုက်တဲ့ဒဏ်
ရာတွေနဲ့ပဲ မနေ့ကဆုံးသွားတယ်ပေါ့နော်။ သူ့ရဲ့ရွာမှာ" ဟု အမည်မဖေါ်လိုသူ ဒေသခံက ပြောကြားခဲ့သည်။
ဦးအောင်စိုးသည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ဖမ်းဆီးခြင်းကိုခံရပြီး ၎င်းတို့ ရိုက်နှက်ခဲ့သော ဒဏ် ရာများကြောင့် သေဆုံးသွားသည်ဟု ခူမီးချင်းမျိုးနွယ် စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ မိုင်နန်းဝေကလည်း ပြောကြားသည်။
စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ်သားတစ်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းမှာ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတေရက ကန့်ကွက်ရှုံ့ချသည်။
ပလက်ဝမြို့နယ် တုန်းမဝရွာမှ အသက် ၆၂နှစ်အရွယ် ဦးလှကျော်ဆိုသည့် ချင်းအမျိုးသားတစ်ဦးသည်လည်း AA အဖွဲ့၏ဖမ်းဆီးခြင်းကို ခံရပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့ဝန်းကျင်တွင် မိသားစုဝင်များက ဦးလှကျော်၏ အလောင်းကိုပြန်တွေ့ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။
AA အဖွဲ့သည် စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ် သားများကို မကြာခဏဆိုသလို ဖမ်းဆီးလေ့ရှိပြီး ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ကျောက်တော်မှပလက် ၀သို့ပြန်လာသည့် ချင်းလူငယ်လေးဦးကိုလည်း ဖမ်းဆီးထားသည်။
crd-The Ladies News #Myanmar_Online_News

0 comments:

Post a Comment