Wednesday, August 5, 2020

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ရခိုင်ပါတီတွေ အခက်ကြုံ

ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ အင်အားကြီး ရခိုင်အ မျိုးသားပါတီအပါအဝင် ရခိုင်တိုင်းရင်းသားပါတီတွေ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ရေး အခက် အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ရွေးကောက်ပွဲကျင်းပဖို့ ၃ လလောက်သာ လိုတော့တဲ့ အချိန်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA အဖွဲ့မှ ဝင်တိုက်နေတာကြောင့် မဲပေးနိုင်ဖို့ မရေမရာ ဖြစ်နေတုန်းပဲလို့ လည်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
"လောလောဆယ် ရခိုင်ပြည်နယ်အနေအထားအရ ပြောရမယ်ဆိုရင် မဲဆန္ဒနယ် အကုန်လုံးကို အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပဖြစ်မလား၊ မကျင်းပဖြစ်ဘူးလားဆိုတဲ့ ကိစ္စတစ်ခုကို စိန်ခေါ်မှုဖြစ်တယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဆိုသလို ရှိနေတယ်။ စစ်ဘေးရှောင်မဲဆန္ဒရှင်ပြည် သူတွေကလည်း များနေတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲဆန္ဒရှင်တွေ လုံလုံခြုံခြံု မဲပေးနိုင်တဲ့ အခွင့်အရေးက အမှန်တကယ် ရှိနိုင်မလားဆိုတာကလည်း စိန်ခေါ်မှု တစ်ခုပေါ့နော်။ ပြီးတော့ နိုင်ငံ ရေး ပါတီတွေ မဲဆွယ်စည်းရုံးရေး ကာလတစ်ခုမှာ တိုက်ပွဲတွေ ရှိနေမယ် ဆိုရင် မဲဆွယ်စည်းရုံးရေးအတွက် သေသေချာချာ လုပ်နိုင်မလားဆိုတာကလည်း စိန်ခေါ်မှု တစ်ခုဖြစ် တယ်။" ဟု ပြောသည်။
လုံခြုံရေးပြဿနာတွေနဲ့ နောက်ဆက်တွဲ ကြံုနေရတဲ့ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတွက် စည်း ရုံးလှုပ်ရှားဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ANP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
"AA ဘက်ကလည်းသူတို့တွေကို မထောက်ခံတဲ့အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေရှိတယ်၊ မြေပုံမြို့မှာ AA နဲ့ဆက်သွယ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးယောက်အဖမ်းခံရတဲ့ နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး နုတ်ထွက်စာတင်ပြီးတော့ နုတ်ထွက်သွားကြတယ်။ အဲဒါကြောင့်မဲစာရင်းကပ်မယ့်ကိစ္စတွေ၊ စိစစ်မယ့်ကိစ္စတွေ၊ မဲကော်မရှင် ဖွဲ့မယ့်ကိစ္စတွေ အခက်အခဲရှိနေတယ် လောလောဆယ်မှာ ပြီးတော့ မဲဆွယ်စည်းရုံးရေး ကာလမှာလဲ COVID -19 ကြောင့် လူမစုရတို့ ရှိနေတယ်။ ပြီးတော့ online က မဲဆွယ်မယ် ဆိုရင်လည်း အင်တာနက်လိုင်း ဖွင့်တော့ ဖွင့်တယ် ဘာမှသုံးမရဆိုလေ။ ပြီးတော့ ပြည်သူ လူထုက ရွေးကောက်ပွဲပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးနေတာတွေကတော့ ကျနော်တို့ရဲ့ စိန်ခေါ်မှုတွေပေါ့နော်။" ဟု ပြောသည်။
လာမယ့် ရွေးကောက်ပွဲမှာတော့ AAအဖွဲ့နှင့် ပေါင်းစည်းနေသော ANP ပါတီမှ အမတ်တစ်ချို့ ခွဲထွက်ပြီးထူ ထောင်ထားကြတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နဲ့ ရခိုင်ဦးဆောင် ပါတီ (AFP) ပါတီတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် လှုပ်ရှားနိုင်ရေး စိန်ခေါ်မှုတွေ ကြုံနေရသလို AA အဖွဲ့များ အကြမ်းဖက် တိုက်ခိုက်နေတာတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အတွက်လည်း မဲပေးခွင့် ဆုံးရှုံးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
Ref ; May Yu Htar Nay

0 comments:

Post a Comment