Monday, August 24, 2020

AA အကြမ်းဖက်အဖွဲ့မှ မင်းကျွန်း(ဒေသအခေါ် စားဖိုးကျွန်း)အနီး တပ်မတော် စစ်ရေယာဉ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် လျပ်စစ်တာဝါတိုင်တစ်ခုပျက်ဆီးမှုဖြစ်ပွား

AA အကြမ်းဖက်အဖွဲ့မှ မင်းကျွန်း(ဒေသအခေါ် စားဖိုးကျွန်း)အနီး တပ်မတော် စစ်ရေယာဉ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လျပ်စစ်တာဝါတိုင်တစ်ခု ပျက်ဆီးသွားကြောင်း သိရှိရသည်။
မနေ့ ၂၀၂၀ခုနစ်၊ သြဂုတ်လ၊ ၂၄ ရက်နေ့ နေ့လည် (၁)နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းအတွင်း တစ်ဖက်နိုင်ငံမှခိုးဝင်လာမှုမရှိစေရေးနှင့် မြစ်တွင်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်ရေယာဉ်အား AA အဖွဲ့မှ မင်းကျွန်းပေါ်မှနေ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ ညောင်ပင်လှကျေးရွာနှင့် ရေမျက်ကျေးရွာကြား သွယ်တန်းထားသည့် လျပ်စစ်မီးတိုင်အားထိမှန်ခဲ့ပြီး မီးကြိုများ ပျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရှိရသည်။
"ဖြစ်တာက ၁နာရီလောက်မှာဖြစ်တာ တိုက်ပွဲက သိပ်မကြာဘူး၊ ဒါပေမဲ့ စာဖိုကျွန်းပေါ်က ပစ်လိုက်တာကြောင့် တစ်ဖက်ကမ်းမှာရှိတဲ့လျပ်စစ်မီးတိုင်ကြီးတွေထိပြီးကျိုးသွားတာတွေရှိတယ်၊ ဟိုဘက်မှာနေတဲ့သူတွေတော့ မီးမရတော့ဘူးပေါ့ဗျာ၊ ရောဂါတွေဒီလောက်ဖြစ်နေတဲ့အချိန် မဖြစ်သင့်တော့ဘူး၊ လူတွေအပြင် ရွာတွေ၊ မြို့တွေပါနာနေပြီ"ဟု မျက်မြင်တွေ့ရှိသူ ရေမျက်ကျေးရွာမှ ဟွန်ဒါစက်လှေမောင်းသူတစ်ဦးမှပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း AA အဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကုလားတန်မြစ်ကမ်း တစ်လျှောက်ရှိ ရွာများ ထိမှန်ခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများစွာရှိခဲ့သည်။
ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း AA အဖွဲ့မှ တိုက်ပွဲများ ဖန်တီးနေမှုကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ ဒေသခံများမှာ မိမိတို့၏အိမ်များတွင် နေရခြင်းမရှိဘဲ တိုက်ပွဲလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

0 comments:

Post a Comment