Thursday, August 13, 2020

ကျောက်တော်မြို့နယ်၊ စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးအား တပ်မတော်မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ စံပယ်လှကျေးရွာအနီး စောင့်ဆိုင်းနေစဉ် ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီ ခန့်တွင် စံပယ်လှကျေးရွာမှ တောပန်ဇင်းကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း လမ်းလျှောက်လာသော အမျိုးသားတစ်ဦးအား မသင်္ကာ၍ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။
အဆိုပါအမျိုးသားမှာ တောပန်ဇင်း ကျေးရွာနေ ဦးအေးမောင် ၅၅ နှစ်(ဘ) ဦးမောင်ချစ် ဖြစ်ပြီး စစ်ကြောမေးမြန်းချက်များအရ ၎င်းသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ အောင်ခိုင်စိုး ၃၁ နှစ်၏ တာဝန်ပေးချက်အရ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တောပန်ဇင်းကျေးရွာရှိ တစ်အိမ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် လေးကြိမ်ကောက်ခံကာ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် လိုအပ်သော ရိက္ခာနှင့် ပစ္စည်းများဝယ်ယူ၍ ပို့ဆောင်ပေးရကြောင်း၊ အပေါက်ဝကျေးရွာအနီး တပ်မတော်စစ်ကြောင်းများနှင့် စစ်ရေယာဉ်များအား မိုင်းထောင်ဖောက်ခွဲခြင်း ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ရန်အတွက် လေးကြိမ်တိုင် မြေနေရာ ရွေးချယ်ပေးရကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအမာခံ အေးမောင်အား သက်ဆိုင်ရာသို့ လွဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment