Friday, August 21, 2020

မြောက်ဦးမြို့တွင် ကျောင်းထိုင်ဆရာတော်နှစ်ပါးနှင့် ကိုရင်နှစ်ပါးကို AA အဖွဲ့ ဖမ်းဆီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ဦးခေါင်းဆရာတော်၊ ပြင်ဈေးဆရာတော်နှင့် ကိုရင်နှစ် ပါးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ ကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ် ၁၈ရက် ည ၉နာရီကျော်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အဆိုပါ သံဃာတော် လေးပါးကို ကျောင်းတိုက်အတွင်း ဝင်ရောက်၍ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး က အတည်ပြုသည်။ တစ်နိုင်ငံလုံးအပစ်ရပ် သ ဘောတူညီချက် NCA ရေးထိုး ထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ ALP နှင့်ပတ်သက်မှုဖြင့်ဖမ်း ဆီးသွားခြင်းဖြစ်သည်ဟု နယ်လုံ ဝန်ကြီးကဆိုသည်။
‘‘ဘုန်းကြီးနှစ်ပါး ဖမ်းသွား တယ်လို့တော့ကြားပါတယ်။ ဒါ ပေမဲ့ ဘွဲ့နာမည်တွေကဘာလဲ၊ ဘယ်ကျောင်းတိုက်ကလဲ၊ ပြီး တော့ ဘယ်အဖွဲ့ကဖမ်းသွားတာ လဲကိုတော့ အတိအကျမသိသေး ပါဘူး’’ဟု မြောက်ဦးမြို့နယ်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ သြဂုတ် ၂၀ရက်တွင် 7days က ဖုန်းဆက် သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ကြောင်း သိရပါတယ်။
crd-7daysnews #Myanmar_Online_News
>>zawgyi<<
မြောက်ဦးမြို့တွင် ကျောင်းထိုင်ဆရာတော်နှစ်ပါးနှင့် ကိုရင်နှစ်ပါးကို AA အဖွဲ့ ဖမ်းဆီး
Friday, August 21, 2020
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ဦးခေါင်းဆရာတော်၊ ပြင်ဈေးဆရာတော်နှင့် ကိုရင်နှစ် ပါးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ ကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ် ၁၈ရက် ည ၉နာရီကျော် တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အဆိုပါ သံဃာတော် လေးပါးကို ကျောင်းတိုက်အတွင်း ဝင်ရောက်၍ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး က အတည်ပြုသည်။ တစ်နိုင်ငံလုံးအပစ်ရပ် သ ဘောတူညီချက် NCA ရေးထိုး ထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ ALP နှင့်ပတ်သက်မှုဖြင့်ဖမ်း ဆီးသွားခြင်းဖြစ်သည်ဟု နယ်လုံ ဝန်ကြီးကဆိုသည်။
‘‘ဘုန်းကြီးနှစ်ပါး ဖမ်းသွား တယ်လို့တော့ကြားပါတယ်။ ဒါ ပေမဲ့ ဘွဲ့နာမည်တွေကဘာလဲ၊ ဘယ်ကျောင်းတိုက်ကလဲ၊ ပြီး တော့ ဘယ်အဖွဲ့ကဖမ်းသွားတာ လဲကိုတော့ အတိအကျမသိသေး ပါဘူး’’ဟု မြောက်ဦးမြို့နယ်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ သြဂုတ် ၂၀ရက်တွင် 7days က ဖုန်းဆက် သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ကြောင်း သိရပါတယ်။
crd-7daysnews #Myanmar_Online_News

0 comments:

Post a Comment