Wednesday, August 19, 2020

မြောက်ဦးမြို့ ရွှေစည်းဝ(ပြင်ဈေး)ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်(၄)ပါးအား AA အဖွဲ့မှ လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရ


ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရွှေစည်းဝ(ပြင်ဈေး)ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော် (၄)ပါးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂၀၂၀ခုနှစ်၊ သြဂုတ်လ၊ ၁၈ရက်နေ့ ညပိုင်း ဂ၉)နာရီအချိန်ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်များကိုင်ဆောင်လျှက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လောကမူရပ်ကွက်ရှိ ရွှေစည်းဝ (ပြင်ဈေး)ကျောင်းတိုက်သို့ ရောက်ရှိလာပြီး မြောက်ဦးမြို့၊ လက်ကောက် ဈေးရပ်ကွက်ရှိ မြို့ဦးခေါင်းကျောင်း တိုက် ဆရာတော် ဦးဝဏ္ဏသာရနှင့် ရွှေစည်းဝ(ပြင်ဈေး) ကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယ အပါအဝင် သံဃာတော် ၃ ပါး၊ စုစုပေါင်း ၄ ပါးအား ALP အဖွဲ့အတွက် လူသစ်စုဆောင်း သည်ဟုဆိုကာ စွပ်စွဲပြောဆိုပြီး သင်္ကန်းများချွတ်၍ မျက်နှာများအား အဝတ်မဲများဖြင့် အုပ်ကာ ဆိုင်ကယ် ၇ စီးခန့်ဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းထိုင်ဆရာတော်နှင့် အမျိုးတော်စပ်သူတစ်ဦးက “ ၁၈ ရက်နေ့ညက လာဖမ်း သွားကြတာ၊ အခုထိပြန်မလွတ်ပေးသလို ဘာသတင်းမှလည်းမရလို့ ဆရာတော်ရဲ့ မယ်တော်လည်း စိတ်ပူနေပြီ၊ လာဖမ်းတုန်းက ALP ကို လူသစ်စုပေးလို့ဆိုပြီး စွပ်ဆွဲတယ်၊ သင်္ကန်းတွေဆွဲချွတ် လက်တွေကြိုးတုပ်ပြီး ဖမ်းခေါ်သွားကြတာ၊ လက်နက်တွေပါလို့ ဘယ်သူမှ မပြောရဲဘူး၊ ကျနော်တို့ကိုးကွယ်နေတဲ့ဆရာတော်တွေကို ကိုယ်တွေမျက်စိရှေ့မှာ အခုလိုလုပ်သွားတာ စိတ်မကောင်းဘူ၊ ဆရာတော်တို့က ဘယ်သူနဲ့မှလည်း ဆက်စပ်မှုမရှိသလို အေးအေးဆေးဆေးနေနေတဲ့ ဆရာတော်တွေ” ဟု အတည်ပြု ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက ဆရာတော်တို့အား ဆိုင်ကယ်ဆယ်စီးခန့်ဖြင့် ရွာဟောင်းတော ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ နောက်နေ့နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်း အတွင်းဝင်ရောက်ရှာဖွေမှုများလုပ်ခဲ့ပြီး ဆရာတော်တို့ သတင်းသုံးသည့်အခန်းများအား ဖျက်ဆီးသွားကြောင်း ပြောသည်။
AA အဖွဲ့အနေဖြင့် ၎င်းတို့အားမထောက်ခံသည့်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသောကြောင့် ရခိုင်မြောက်ပိုင်းရှိဒေသခံများမှာ ၎င်းတို့နှင့်လွတ်ရာ မြို့ပေါ်တိုက်ပွဲရှောင် စခန်းများနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Crd : MayYuHtarNay

0 comments:

Post a Comment