Friday, August 14, 2020

AA အကြမ်းဖက်အဖွဲ့မှ ရသေ့တောင်မြို့နယ်ရှိ တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီး

AA လက်နက်ကိုင်တပ်ဖွဲ့မှ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ တပ်မတော်သတင်းအမှန် ပြန်ကြားရေးအဖွဲ့က သိရပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်ခုံဘုတ်ကျေးရွာနဲ့ ရေစိုးချောင်းကျေးရွာတို့ကို ဆက်သွယ်ထားတဲ့ သံဘောင်ဘေလီ ပျဉ်ခင်းအမျိုးအစား အရှည် ၁၂၀ ပေခန့်ရှိ တံတားကို သြဂုတ်လ (၁၂)ရက်နေ့ နံနက် ၄ နာရီခန့်မှာ AA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့် တံတားရဲ့အလယ်မှာ ပေ ၃၀ ခန့် ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရပါတယ်။
AA အဖွဲ့အနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပျက်ပြားစေရန် ရည် ရွယ်ချက်များနဲ့ အများပြည်သူသွား လမ်းများ၊ တံတားများကို မိုင်းထောင်ခြင်း၊ ဖောက်ခွဲခြင်းများ မကြာ ခဏ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment