Thursday, August 13, 2020

ကျောက်တော်မြို့မစခန်းမှူး၊ဒုရဲမှူး ထွန်းနိုင်ဦး AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လုပ်ကြံမှုခံရ

မနေ့က ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ်ဖြင့်အမည်မသိအမျိုးသား(၄)ဦး ရောက်လာပြီး တစ်ဦးက ဒုရဲမှူးထွန်းနိုင်ဦးကို အနောက်မှ လည်ပင်းအား သိုင်းဖက်ချုပ်နှောင်စဉ် ကျန်(၃)ဦးက ဒုရဲအုပ်အောင်မျိုးထွန်းအား ဝိုင်းဝန်းချုပ်နှောင်ပြီး ဆိုင်အပြင်ဘက်ရှိ ကားလမ်းပေါ်သို့ဆွဲခေါ်ခဲ့သည်။
ထို့နောက် ဒုရဲမှူးထွန်းနိုင်ဦးကို ချုပ်နှောင်ထားသူက အသင့်ပါလာသည့်သေနတ်အတို(စီစစ်ဆဲ)ဖြင့်ပစ်ခတ်သဖြင့် ဒုရဲမှူးထွန်းနိုင်ဦးတွင်ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ(၁)ချက်ယာဘက်ကျော်ကုန်းဖောက်ဝင်ဒဏ်ရာ(၁)ချက်ရရှိပြီးအခင်းဖြစ်နေရာ၌သေဆုံးခဲ့သည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်သွားသည့် AAအကြမ်းဖက်သောင်းကျန်းသူ(၄)ဦးအား အကြမ်းဖက်ဉပဒေဖြင့် အမှုဖွင့် အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

0 comments:

Post a Comment