Friday, August 21, 2020

AA အနေဖြင့် လူမဆန်သည့် လုပ်ရပ်မျိုး မလုပ်ရန် သမ္မတရုံး သတိပေး

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်မှ စ တင်ပြီး ကိုဗစ် ဖြစ်ပွားသည့် လူနာသည် ယနေ့ နံနက်ပိုင်းအထိ ၁၉ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ထိုသို့ ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်တွင် AA အနေဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက် ခိုက်သည့် လူမဆန်သည့် လုပ်ရပ်မျိုး မလုပ်ရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအစည်းအ ဝေး၏ တတိယမြောက်နေ့ အခမ်းအနားအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
“ဒီ အချိန် ဒီကာလမှာ အကြမ်းဖက် တိုက်ခိုက်တာတွေချောင်းမြောင်းတိုက်ခိုက်တာတွေ ဖမ်းဆီးတာတွေ ပေါ့နော်။ အဲ့ဒါ မျိုးဆက်လုပ်ရင်တော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ ပြောချင်ပါတယ်။ သတိလည်းပေးပါတယ်”ဟု ဦးဇော်ဌေး ကပြောသည်။
ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး စိုးရမိရသည့် အနေအထားမျိုးတွင် အကြမ်းဖက် လုပ်ရပ်များကို ဆက်မလုပ်ရန် နှင့် ဆက်လုပ်မည်ဆိုပါက အစိုးရအနေဖြင့် တပ်မတော်သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးကို လုပ် ဆောင်ရန်ညွှန်ကြားထားကြောင်း သိရသည်။
AA ၏ လုပ်ရပ်သည် သံဃာတွေ အစဖမ်းဆီး နေသည့်အတွက် အတော်လေးရှက်စရာ ကောင်းနေပြီး ရွံ့ရှာစရာကောင်းသည့် လုပ် ရပ်မျိုးဖြစ်နေတယ်လို့လည်း ဦးဇော်ဌေး ကပြောကြားခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ အင်တာနက် ပိတ်ထားသည့် မြို့နယ်များကိုလည်း အင်တာနက် ပြန်လည်ဖွင့်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ရခိုင်ပြည်နယ် အကုန်လုံးတွင် ကိုဗစ် ၁၉ ဖြစ်ပွားသူသည် ၃၅ ယောက်ရှိနေပြီး စစ်တွေမြို့ကိုလက်ရှိတွင် Lock down မည်ဟု ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
crd-TheFifthWaveNews #Myanmar_Online_News
>>zawgyi<<
AA အနေဖြင့် လူမဆန်သည့် လုပ်ရပ်မျိုး မလုပ်ရန် သမ္မတရုံး သတိပေး
Friday, August 21, 2020
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်မှ စ တင်ပြီး ကိုဗစ် ဖြစ်ပွားသည့် လူနာသည် ယနေ့ နံနက်ပိုင်းအထိ ၁၉ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ထိုသို့ ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်တွင် AA အနေဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက် ခိုက်သည့် လူမဆန်သည့် လုပ်ရပ်မျိုး မလုပ်ရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအစည်းအ ဝေး၏ တတိယမြောက်နေ့ အခမ်းအနားအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
“ဒီ အချိန် ဒီကာလမှာ အကြမ်းဖက် တိုက်ခိုက်တာတွေချောင်းမြောင်းတိုက်ခိုက်တာတွေ ဖမ်းဆီးတာတွေ ပေါ့နော်။ အဲ့ဒါ မျိုးဆက်လုပ်ရင်တော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ ပြောချင်ပါတယ်။ သတိလည်းပေးပါတယ်”ဟု ဦးဇော်ဌေး ကပြောသည်။
ကိုဗစ် ၁၉ နှင့် ပတ်သက်ပြီး စိုးရမိရသည့် အနေအထားမျိုးတွင် အကြမ်းဖက် လုပ်ရပ်များကို ဆက်မလုပ်ရန် နှင့် ဆက်လုပ်မည်ဆိုပါက အစိုးရအနေဖြင့် တပ်မတော်သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးကို လုပ် ဆောင်ရန်ညွှန်ကြားထားကြောင်း သိရသည်။
AA ၏ လုပ်ရပ်သည် သံဃာတွေ အစဖမ်းဆီး နေသည့်အတွက် အတော်လေးရှက်စရာ ကောင်းနေပြီး ရွံ့ရှာစရာကောင်းသည့် လုပ် ရပ်မျိုးဖြစ်နေတယ်လို့လည်း ဦးဇော်ဌေး ကပြောကြားခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ အင်တာနက် ပိတ်ထားသည့် မြို့နယ်များကိုလည်း အင်တာနက် ပြန်လည်ဖွင့်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ရခိုင်ပြည်နယ် အကုန်လုံးတွင် ကိုဗစ် ၁၉ ဖြစ် ပွားသူသည် ၃၅ ယောက်ရှိနေပြီး စစ်တွေမြို့ကိုလက်ရှိတွင် Lock down မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာထားသည်။
crd-TheFifthWaveNews #Myanmar_Online_News

0 comments:

Post a Comment