
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ထီးဆွဲကျေးရွာနှင့် မင်းကျွန်းအနီးတို့၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာ အနီးမှ မေယုမြစ်အတိုင်း ထွက်ခွာလာစဉ် ထီးဆွဲကျေးရွာအနီးတွင်လည်းကောင်း၊ ဆက်လက်ထွက်ခွာလာရာ မင်းကျွန်း အနီးတွင်လည်းကောင်း AA အ ကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားသည်။
အဆိုပါ ဖြစ်စဉ်တွင် မင်းကျွန်းအနီး AA အကြမ်းဖက်သောင်းကျန်းသူများ မောင်းနှင်ထွက်ပြေးသွားသော စက်လှေတစ်စီး မီးလောင်နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
0 comments:
Post a Comment