Monday, August 10, 2020

AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး မြောက်ဦးမြို့နယ်၌ ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၇ ရက် ညနေ ၆ နာရီမှစ၍ မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုရှိ အရာရှိ၊ စစ်သည်များသည် ရန်သူ့သတင်းအရ ညတစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ဖြင့် လုံခြုံရေးဆောင်ရွက်နေစဉ် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်တံခါးကို အမည်မသိသူတစ်ဦးက လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရမိခဲ့သည်။
၎င်းအား ကနဦးစစ်ကြောမေးမြန်းချက်အရ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment