Monday, August 10, 2020

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သက်မှတ်ထားသော AA အဖွဲ့အား ၂၁ ပင်လုံ စတုတ္ထအကြိမ် တက်ရောက်ရန်မဖိတ်သည့်အတွက် FPNCC အဖွဲ့ဝင် KIO အနေဖြင့်လည်း တက်ရောက်ရန်မသေချာ

KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့က ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်အနေနဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုထားပေမယ့်လည်း မဟာမိတ်အဖွဲ့ဝင် AA ကိုမဖိတ်တဲ့အတွက် သူတို့အနေနဲ့ တက်၊ မတက် မသေချာသေးဘူးလို့ မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့က ဒူဝါလမိုင် ဂမ်ဂျာက RFA ကချင်ဘာသာအစီအစဉ်မှာ ပြောပါတယ်။
ဒီသတင်းပတ်မှာကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံအစည်းအဝေးတွေတက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အားလုံးကို ဖိတ်ကြားမယ်လို့ ဆိုပေမယ့် အစိုးရကအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA ကိုတော့ ဖိတ်မှာမဟုတ်ဘူးလို့ ဆိုတဲ့အတွက် KIO ရဲ့ သဘောထားထွက်ပေါ်လာတာပါ။ ဒါနဲ့ပတ်သက်လို့ KIO ရဲ့ ဆုံးဖြတ်ချက်ကို သိရဖို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေနဲ့ RFA က တိုက်ရိုက်ဆက်သွယ်လို့ မရသေးပါဘူး။
တကယ်လို့ KIO အနေနဲ့ ညီလာခံတက်ဖြစ်ရင်လည်း နိုင်ငံရေးအရ အကျိုးများများရှိမှာ မဟုတ်ဘဲ KIA နဲ့ တပ်မတော် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့ သဘောလောက်ပဲ မျှော်လင့်လို့ရတယ်လို့ ဒူဝါလမိုင်ဂမ်ဂျာ က သုံးသပ်ပါတယ်။
Crd : RFA

0 comments:

Post a Comment