Wednesday, July 22, 2020

တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာဿနာအတွက် ရင်ဘတ်ချင်းတူညီခြင်းသာဖြစ်ပြီး နိုင်ငံရေးနဲ့လုံးဝမပတ်သက်ကြောင်း YMBA အတွင်းရေးမှူးပြောကြား

တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာဿနာအတွက် ရင်ဘတ်ချင်းတူညီခြင်းသာ ဖြစ် ကြောင်း ဇူလိုင် ၂၂ ရက် people media နှင့် တွေ့ဆုံရာတွင် YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောသည်။
“တို့က တပ်ထောက်ခံတယ်ဆိုတာမဟုတ်ဘူး။ သဘောထားတူတာ။ အမျိုးဘာသာ၊ သာသနာလေ။ သူလည်း အမျိုး၊ ဘာသာသာသနာပဲ။ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းဆိုပေမဲ့ အမျိုးဘာသာ သာသနာပဲ လုပ်ကြတာ လေ။ တူညီတဲ့သဘောထားရှိလို့။ နောက်ဆုံးတော့ရင်ဘတ်ချင်းတူတာ။ ဒါပဲပေါ့။ နောက်ပြီး တို့အဖွဲ့က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူး။ စည်းမျဉ်းထဲမှာကိုပါတာ။ ဘယ်ပါတီကိုမှလည်းမဝင်ဘူး။ နိုင်ငံရေးမှာပါရင် ထုတ် ပယ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
လတ်တလောတွင် YMBA အသင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းအသင်းအဖွဲ့များမှ အမျိုးဘာသာ၊သာသနာလုပ်ငန်းများဖြစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<
တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာဿနာ အတွက် ရင်ဘတ်ချင်းတူညီခြင်းသာဖြစ်ပြီး နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ကြောင်း YMBA အတွင်းရေးမှူးပြောကြား
Wednesday, July 22, 2020
တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာဿနာအတွက် ရင်ဘတ်ချင်းတူညီခြင်းသာ ဖြစ် ကြောင်း ဇူလိုင် ၂၂ ရက် people media နှင့် တွေ့ဆုံရာတွင် YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောသည်။
“တို့က တပ်ထောက်ခံတယ်ဆိုတာမဟုတ်ဘူး။ သဘောထားတူတာ။ အမျိုးဘာသာ၊ သာသနာလေ။ သူလည်း အမျိုး၊ ဘာသာသာသနာပဲ။ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းဆိုပေမဲ့ အမျိုးဘာသာ သာသနာပဲ လုပ်ကြတာ လေ။ တူညီတဲ့သဘောထားရှိလို့။ နောက်ဆုံးတော့ရင်ဘတ်ချင်းတူတာ။ ဒါပဲပေါ့။ နောက်ပြီး တို့အဖွဲ့က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူး။ စည်းမျဉ်းထဲမှာကိုပါတာ။ ဘယ်ပါတီကိုမှလည်းမဝင်ဘူး။ နိုင်ငံရေးမှာပါရင် ထုတ် ပယ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။
လတ်တလောတွင် YMBA အသင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းအသင်းအဖွဲ့များမှ အမျိုးဘာသာ၊သာသနာလုပ်ငန်းများဖြစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment