Wednesday, July 15, 2020

တပ်မတော်ဆေးရုံ ၂ ရုံကို YMBA အသင်းမှ ဦးဆောင်၍ အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)နှင့် တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သို့ ယနေ့ ဇူလိုင်လ ၁၄ ရက်၊ နံနက်ပိုင်းက ဗုဒ္ဓဘာသာ ကလျာ ဏယုဝအသင်းကြီး (YMBA)မှ ဦးဆောင်၍ အလှူရှင်များက ဆေးရုံသုံးပစ္စည်းများ၊ ဆေးကုသမှုခံယူနေသော တပ်မတော်သားများအတွက် နံနက်စာနှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က လည်းကောင်း၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ် လှအောင်က လည်းကောင်း ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA)မှ ဥက္ကဋ္ဌ ဦးရဲထွန်း၊ မြန်မာ့အိမ်မက် အလင်းရှင်အသင်း(နာယက)၊ ချမ်းမြေ့ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဦးလှဝင်းနှင့် အလှူရှင်များက လှူဒါန်းရခြင်း အကြောင်းရင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ဆေးကုသမှုခံယူနေသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာတပ်မှူးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
Ref ; Health Care

0 comments:

Post a Comment