Saturday, July 18, 2020

တရုတ်နိုင်ငံ၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ် ပထမဆုံးတာဝန် အောင်မြင်စွာပြီးစီး

တရုတ်နိုင်ငံ လေတပ်၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ်သည် ယခုတစ်ပတ်အတွင်း ပထမဆုံလွှဲပြောင်း ပို့ဆောင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်အဆိုအရ သိရသည်။
ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးများတွင် အသုံးပြုရန်အတွက် ပြုပြင်မွမ်းမံထားသော Y-9 လေယာဉ်တစ်စင်းသည် ဖျားနာလျက်ရှိသော ကျန်းမျိုးနွယ် တပ်ဖွဲ့ဝင်တစ်ဦးကို ကုန်းပြင်မြင့်ဒေသမှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြို့ကြီးတစ်မြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ ယင်းခရီးစဉ်သည် အချိန် ၄ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။ ကျန်းသည် လေ့ကျင့်ရေးပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒေသဆေးရုံ၌ ၎င်း၏ အခြေအနေမှာ ဆိုးရွားနေခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။
အဆင့်မြင့် ပစ္စည်းကိရိယာများ တပ်ဆင်ထားသော Y-9 လေယာဉ်သည် ခက်ခဲသော ကျန်းမာရေးဆိုင်ရာ လွှဲပြောင်းမှုများကို ဆောင်ရွက်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း လေယာဉ်ပေါ်တွင် အရေးပေါ်ကုသမှုဆောင်ရွက်နိုင်ကြောင်း သိရသည်။
၎င်းလေယာဉ်အား ၂၀၁၉ ခုနှစ်က ပေကျင်းမြို့တွင် ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ စစ်ရေးပြအခမ်းအနားကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအား ပြသခဲ့ခြင်း ဖြစ်သည်။
Ref ; Xinhua

0 comments:

Post a Comment