Tuesday, July 7, 2020

တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ XI မှပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် ဇူလိုင်လ ၆ ရက်နေ့တွင် Video –link မှတဆင့်ကျင်းပပြုလုပ်သော တရုတ်-အာရပ်နိုင်ငံများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ (၉)ကြိမ်မြောက်ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွားရန် တောင်းဆိုခဲ့သည်။
အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့မှ ပူးတွဲဉက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ယခင်ကပြုလုပ်ခဲ့သော(၈)ကြိမ်မြောက်အစည်းအဝေးတွင်ပြောကြားခဲ့သည့် တရုတ်နှင့် အာရပ်နိုင်ငံများကြား မဟာဗျူဟာမြောက်မိတ်ဖက်တည်ထောင်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို ပြန်လည်ဆွဲခေါ်ခဲ့ပြီး လွန်ခဲ့သောနှစ်နှစ်တာကာလအတွင်း မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ပြီး အနာဂတ်တွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုတိုးတက်မှုတိုကို မဟာဗျူ ဟာကျကျ ပူးပေါင်းဆောင်ရွက်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်ဖက် စလုံးသည် အပြန်အလှန်အားဖြင့် ထောက်ပံ့ကူညီမှုများရှိခဲ့ကြောင်းနှင့် အနာဂတ်တွင် တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံအကြား ဆက်သွယ်မှုများ ပိုမိုဆောင်ရွက်သွားရန်ကိုလည်း Xi မှ ပြောကြားခဲ့ပါသည်။
လက်ရှိ နောက်ခံအနေအထားအရ နှစ်ဖက်လုံးအနေဖြင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများကို ပို၍ပို၍လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ဖိုရမ်မှ ရရှိလိုက်သည့် အခွင့်အရေးများမှတဆင့် နှစ်ဖက်စလုံးမှ နိုင်ငံသားများ အကျိုးရှိစေရေးအတွက် ဗိုင်းရပ်တိုက်ဖျက်ရေးအပါအဝင် အခြားသောနယ်ပယ်များ တွင် အပြန်အလှန်လေးနက်စွာပူးပေါင်းဆောင်ရွက်သွားကြရန် သမ္မတမှတောင်းဆို လိုက်ပါသည်။
>>Zawgyi<<

0 comments:

Post a Comment