Saturday, July 11, 2020

WHO ကျွမ်းကျင်ပညာရှင်အဖွဲ့ ကိုဗစ်စတင်ဖြစ်ပေါ်တဲ့အကြောင်းရင်းစုံစမ်းရန် တရုတ်သို့ ထွက်ခွာ

ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်လာတဲ့ ကိုဗစ် ၁၉ ရောဂါစတင်တဲ့ အကြောင်းရင်းတွေ စုံစမ်းရေးအတွက် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဖို့ အဖွဲ့ဝင် ၂ ဦးပါ ရှေ့ပြေးအဖွဲ့ဟာ သောကြာနေ့မှာ တရုတ်နိုင်ငံကို သွားရောက်နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
အခု စေလွှတ်လိုက်တဲ့ ပညာရှင် ၂ ဦးဟာ တိရိစ္ဆာန်ကျန်းမာရေးနဲ့ ရောဂါဗေဒ ဆိုင်ရာ အထူးကျွမ်းကျင်သူတွေ ဖြစ်ကြောင်းနဲ့ သူတို့ဟာ ဘာတွေကို၊ ဘယ်အတိုင်းအတာထိ စုံစမ်းမယ် ဆိုတာဆုံးဖြတ်ဖို့ တရုတ်သိပ္ပံပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း WHO ပြောခွင့်ရ Margaret Harris က ဂျနီဗာ ဌာနချုပ်အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ မနှစ်က နှစ်ကုန်လောက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ စျေးတခု ကနေစတင်ခဲ့မယ်လို့ အများက ယုံကြည်ကြပြီး တိရိစ္ဆာန်ကနေ လူတွေကို ကူးစက်ခဲ့တဲ့နောက်ပိုင်း ဒီစျေးကို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ ဘယ်မျိုးစိတ်ကနေစတင်ခဲ့တယ် ဆိုတာနဲ့ လူဆီကို ဘယ်လိုပုံစံနဲ့ ကူးစက်တယ် ဆိုတာကို သိပ္ပံပညာရှင်တွေက ဖေါ်ထုတ်ချင်နေကြတယ်လို့လည်း Harris ကပြောပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လင်းနို့ကနေစတင်တယ်လို့ သတ်မှတ်လာကြတာ ကာလအတော်ကြာနေပြီ ဖြစ်ပေမယ့် လူဆီကို မရောက်ခင် ကြားခံသတ္တဝါ တမျိုးမျိုးဆီကနေ လာတာ ဟုတ်မဟုတ်လည်း သိချင်နေကြတာ ဖြစ်ကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း WHO က အဖွဲ့တရုတ်နိုင်ငံကို လာရောက်နေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့တာပါ။
WHO အဖွဲ့ဟာ တရုတ်အကြိုက်လိုက်လျောကြောင်း ပြသခဲ့တဲ့အပြင် ဒီရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံကလည်း မှားယွင်းကြောင်း အမေရိကန်နိုင်ငံက ပြောဆိုပြီး WHO ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို WHO က စုံစမ်းစစ်ဆေးရေး စတင်ခဲ့တာ ဖြစ်ပါတယ်။
>>Zawgyi<<

0 comments:

Post a Comment