Wednesday, July 22, 2020

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ အကူအညီတွေ ပလက်ဝကို ရောက်ရှိ

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့အရေးပေါ် စားနပ်ရိက္ခာနဲ့အာဟာအထောက် အကူပြုပစ္စည်းတွေ စုစုပေါင်း တန်ချိန် ၁၆၅ တန် ၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
စစ်ရေး ပဋိက္ခတွေ ဖြစ်ပွားနေတဲ့ ပလက်၀မြို့မှာ ပုံမှန်ကုန်သွယ်ရေး ထိခိုက်နေပြီး၊ ထောက်ပံ့ရေးလမ်း ကြောင်းတွေလည်း လပေါင်းအတော်ကြာ ပြတ်တောက်နေပါတယ်။ ချင်းပြည်နယ် က တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် လုံခြုံရေးနဲ့ လမ်းပန်းအခြေအနေ ဆိုးရွားနေပေမဲ့ လိုအပ်တဲ့ရိက္ခာနဲ့ ပစ္စည်းတွေ အောင်အောင်မြင်မြင် ပို့ဆောင်နိုင်ခဲ့ကြောင်း WFP ရဲ့ မြန်မာဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် အန်ဒါဆင်က ပြောပါတယ်။
ပလက်၀မြို့က စုစုပေါင်း လူလေးထောင်အတွက် ဆန်၊ဆီ၊ ဆား၊ ပဲမျိုးစုံ စတဲ့ ရိက္ခာပစ္စည်းတွေ နှစ်လစာ ပေးပို့ခဲ့တာပါ။ ကလေးတွေ၊ ကိုယ်ဝန်သည်တွေနဲ့ နို့တိုက်မိခင်တွေအတွက်လည်း အာဟာရ ပြည့်ဝတဲ့ အ စားအစာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ချင်းပြည်နယ် ဆာမီးမြို့အနီးက နေရာရွှေ့ပြောင်းခဲ့ရတဲ့ ပြည်သူတွေကို WFP က ရိက္ခာတွေ ပေးပို့ခဲ့ပါတယ်။
Ref ; RFA

0 comments:

Post a Comment