Monday, July 20, 2020

ဓာတ်ခွဲခန်းသုံးပစ္စည်းများအပါအဝင် ကျွမ်းကျင်ပညာရှင်နှင့်ဝန်ထမ်းဦးရေ ၄၀ ကျော် လိုက်ပါလာသော WFP ၏ လေကြောင်းခရီးစဉ် (၁၁)ကြိမ်မြောက်အဖြစ် ရန်ကုန်သို့ ရောက်ရှိ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ လူသားချင်းစာနာမှု အထူးလေယာဉ်သည် (၁၁) ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂမြန်မာနိုင်ငံ ဆိုင်ရာရုံးက ထုတ်ပြန်သည်။
WFP ၏ လေကြောင်းခရီး စဉ်နှင့်အတူ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လှူဒါန်းမည့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို သယ်ဆောင်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်နှင့် ဝန်ထမ်း ဦးရေ ၄၀ ကျော် လိုက်ပါလာသည်ဟု ဖော်ပြသည်။
WFP ၏ အထူးလေကြောင်း ခရီးစဉ်များကို ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပံ့ပိုးမှုဖြင့် ပြီးခဲ့သည့်မေလမှစ၍ ရန်ကုန်မြို့ နှင့် မလေးရှားနိုင်ငံကို အပတ်စဉ် ချိတ်ဆက်ပြေးဆွဲနေခြင်းဖြစ် သည်။
WFP လေယာဉ်များသည် ကိုဗစ်ရောဂါ တုံ့ပြန်ရေးအတွက် အရေးပါသည့်ပစ္စည်း စုစုပေါင်း ခြောက်မက်ထရစ်တန်ကျော်ကို သယ်ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု ကုလက ထုတ်ပြန်ထားသည်။
WFP အထူးလေယာဉ်များဖြင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို နိုင်ငံတကာစီးပွားဖြစ် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ချိန်အထိ ဆောင်ရွက်သွားမည်ဟု ကုလကဆိုသည်။
Crd : WFP

0 comments:

Post a Comment