Monday, July 6, 2020

UWSA(ဝ)အဖွဲ့မှ ဖမ်းဆီးရမိထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို တပ်မတော်ထံသို့ လွှဲပြောင်းပေး

UWSA(ဝ)အဖွဲ့မှ ဖမ်းဆီးရမိထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ"ဒေသ၊ စစ်ဒေသ(၁၇၁)၊ ဟွေအောမြို့တယ်မှူးရုံးမှာ ဒီကနေ့ဇူလိုင်လ ၆ ရက်၊ နံနက်ပိုင်းအချိန်က တပ်မတော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
UWSA(ဝ)အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ တပ်မဟာ(၂၄၈)မှ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့တွေက မိုင်းတုံမြို့နယ်၊ မုံးခစ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် လွယ်မန်တောင်ကြောအနီးတစ်ဝိုက်မှာ ဇွန်လ ၂၅ ရက်က လှည့်ကင်းဆောင်ရွက်နေစဉ် လူ(၂၀)ခန့်ရှိအဖွဲ့တစ်ဖွဲ့ကိုတွေ့ရှိရတဲ့အတွက် စစ်ဆေးမေးမြန်းခံရန်ပြောကြားခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပစ်ခတ်ထွက်ပြေးတဲ့အတွက် (ဝ)အဖွဲ့မှ ပြန်လည်ပြန်ခတ်ပြီးလိုက်လံဖမ်း ဆီးခဲ့ရာ WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၇၆၅၇၁)ပြား၊ အိုက်(၉၀)ကီလိုခန့်နဲ့ တစ်လုံးထိုးကျည် (၁၄)တောင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်ဒေသ(၁၇၁)၊ တပ်မဟာ(၅၁၈)မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တွေက မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့ မြန်မာ-ထိုင်းနယ်စပ်ဖြတ်ကျော်မယ့်သတင်းအရ ဇွန်လ၃၀ရက်က မိုင်းဆတ်မြို့နယ်၊ လွယ်လန်းအုပ်စုမှာ လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးနင်းလာသူနှစ်ကို မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပစ်ခတ်ထွက်ပြေးတဲ့အတွက် (ဝ)အဖွဲ့မှလိုက်လံ၊မ်းဆီးခဲ့ရာ WYစာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ပြား၊ တစ်လုံးထိုးဝင်ချက်စတာသေနတ်တစ်လက်၊ ဓါးရှည်တစ်ချောင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
"ကျွန်တော်တို့(ဝ)အဖွဲ့အနေနဲ့ အခုလိုမူးယစ်ဆေးဝါးတွေကို တပ်မတော်နဲ့ပူးပေါင်းပြီး တားဆီးနှိမ်နင်းနေတာက ကျွန်တော်တို့အဖွဲ့၊ ကျွန်တော်တို့နယ်မြေမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေတယ်လို့ ပြည်ပနိုင်ငံတွေ၊ ပြည်တွင်းရှိတခြားအဖွဲ့အစည်းတွေက ကျွန်တော်တို့(ဝ)တပ်ဖွဲ့အပေါ် အထင်အမြင်လွဲမှားနေတာကို သက်သေပြလိုတာကြောင့် ဆောင်ရွက်နေတာဖြစ်ပါတယ်"လို့ UWSA(ဝ)အဖွဲ့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဆမ်ပလုံး(ခ)အားဖူက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။
အဲဒီလိုဖမ်းဆီးရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို UWSA(ဝ)အဖွဲ့မှ မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဆမ်ပလုံး(ခ)အားဖူဦးဆောင်ပြီး တပ်မတော်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Ref ; ရွှေတြိဂံဒေသသတင်းလွှာ

0 comments:

Post a Comment