Thursday, July 16, 2020

Trump အနေဖြင့် တရုတ်အရာရှိများအပေါ် အရေးယူမှုများကို ပယ်ဖျက်ခြင်းမပြုသေးကြောင်း အိမ်ဖြူတော်မှပြောကြား

ဟောင်ကောင်အရေးကိုင်တွယ်မှုများအတွက် တရုတ်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများရှိခဲ့ပြီး သမ္မတ Trump အနေဖြင့် တရုတ်နိုင်ငံထိပ်တန်းအရာရှိများအပေါ် နောက်ထပ်အရေးယူမှုများကို ဖြေလျော့သွားခြင်းမရှိသေးကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်မှ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
သမ္မတ Trump သည် ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော ဟောင်ကောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်အက်ဉပဒေအရ တရုတ်နိုင်ငံမှ ဟောင်ကောင်အ တွက် အမျိုးသားလုံခြုံရေးဉပဒေအသစ်ချမှတ်ပြဌာန်းရာတွင်ပါဝင်သည့် တရုတ်အရာ ရှိများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများအား ဒဏ်ခတ်အရေးယူမှုများနှင့် ဗီဇာ ကန့်သတ်မှုများ ပြုလုပ်ရန်အတွက်ခွင့်ပြုခဲ့ပါသည်။
သမ္မတ Trump သည် တရုတ်နိုင်ငံနှင့် တင်းမာမှုများမြှင့်တက်နေခြင်းကို ရှောင်ရှားရန်အတွက် တရုတ်ထိပ်တန်းအာဏာပိုင်များအပေါ် နောက်ထပ်အရေးယူမှု များကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း Bloomberg သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါ သည်။
Trump အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီမှအရာရှိများသည် လူနည်းစု Uighur မူစလင်များအပေါ် ဆက်ဆံခဲ့သည့်အတွက် ၎င်းတို့အပေါ် အရေးယူမှုများကို လွန်ခဲ့သောအပတ်တွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် Jphn Ullyot မှပြောကြားခဲ့ပါသည်။
အခြားသောအရေးကိစ္စများ သို့မဟုတ် ဟောင်ကောင်ရှိလုပ်ရပ်များအတွက် ပါတီ၏အရာရှိများအပေါ် အရေးယူမှုများနှင့်ပတ်သက်၍ မည်သည့်ဆွေးနွေးမှု နည်းလမ်းနှင့်မှ ဖယ်ရှားနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
အိမ်ဖြူတော်၏ဆုံးဖြတ်ချက်များသည် အရေးယူမှုများအတွက် အလားလာရှိ သောရည်မှန်ချက်များရှိနေပြီး အပြီးသတ်ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း အဆိုပါ ကိစ္စနှင့် အကျွမ်းတဝင်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူးကယ်ရီလန်းသည် တရုတ်နိုင်ငံမှ ချမှတ်ထားသော လုံခြုံရေးဉပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ထောက်ခံခဲ့သူတစ်ဦးဖြစ်ပါ သည်။
source- Reuters #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment