Monday, July 6, 2020

အမေရိကန်သမ္မတ Trump သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာ လူထုဟောပြောမှုကို New Hampshire ပြည်နယ်တွင် ပြုလုပ်မည်ဖြစ်

အမေရိကန်သမ္မတ Trump သည် New Hampshire ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လူထုဟောပြောပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ အဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လျစ်လျူရှုခဲ့သည့် အတွက် ပြစ်တင်ဝေဖန်မှုများကိုခံခဲ့ရပါသည်။
"Make America Great Again" ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့ Portmounth အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏မဲဆွယ် စည်းရုံးရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
ပွဲသို့တက်ရောက်လာသူအားလုံးကို လက်သန့်ဆေးရည်နှင့် နှားခေါင်းစည်းများ ကိုပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို ဝတ်ဆင်ရန် အလေးအနက်ထား တိုက်တွန်းသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။
Trump သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေကောက်ခံမည်ဖြစ်ပြီး Oklahoma ရှိ Tulsa တွင် မဲဆွယ်စည်းရုံးမှုများကို ပြန်လည်ပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ရပ်သည် နှာခေါင်းစည်းများတပ်ဆင်ခြင်း သိုမဟုတ် social distancing ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ပျံနှံ့မှုကို နှေးကွေးသွားစေရန်ရည်ရွယ်သည့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မလေးစားရာကြပါသည်။
ရွေးကောက်ပွဲမတိုင်မီ ၄ လအလိုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် လူမျိုးရေး ခွဲခြားမှုဆိုင်ရာဆန္ဒပြမှုတို့အပေါ် Trump ၏ တုံ့ပြန်မှုများနှင့်ပတ်သက်၍ ပြစ်တင် ဝေဖန်ခဲ့ကြကြောင်းနှင့် ပြိုင်ဖက်ဒီမိုကရက် Joe Biden ထက်နောက်ကျနေပြီ ဖြစ်ပါသည်။
မဲရလဒ်များနှင့်ပတ်သက်၍ သတိပေးချက်များရှိသော်လည်း Binden သည် Trump အပေါ် ဦးဆောင်နေမှုသည် ၂၀၁၆ ခုနှစ် ဟင်လာရီကလင်တန်းအပေါ် ဦးဆောင်မှုထက်သာလွန်နေပါသည်။
>>Zawgyi<<
အမေရိကန်သမ္မတ Trump သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာ လူထုဟောပြောမှုကို New Hampshire ပြည်နယ်တွင် ပြုလုပ်မည်ဖြစ်
Monday, July 6, 2020
အမေရိကန်သမ္မတ Trump သည် New Hampshire ပြည်နယ်တွင် မဲဆွယ် စည်းရုံးရေးဆိုင်ရာ လူထုဟောပြောပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ အဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လျစ်လျူရှုခဲ့သည့် အတွက် ပြစ်တင်ဝေဖန်မှုများကိုခံခဲ့ရပါသည်။
"Make America Great Again" ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့ Portmounth အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏မဲဆွယ် စည်းရုံးရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
ပွဲသို့တက်ရောက်လာသူအားလုံးကို လက်သန့်ဆေးရည်နှင့် နှားခေါင်းစည်းများ ကိုပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို ဝတ်ဆင်ရန် အလေးအနက်ထား တိုက်တွန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။
Trump သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေကောက်ခံမည်ဖြစ်ပြီး Oklahoma ရှိ Tulsa တွင် မဲဆွယ်စည်းရုံးမှုများကို ပြန်လည်ပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ရပ်သည် နှာခေါင်းစည်းများတပ်ဆင်ခြင်း သိုမဟုတ် social distancing ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ပျံနှံ့မှုကို နှေးကွေးသွားစေရန်ရည်ရွယ်သည့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မလေးစားရာကြပါသည်။
ရွေးကောက်ပွဲမတိုင်မီ ၄ လအလိုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် လူမျိုးရေး ခွဲခြားမှုဆိုင်ရာဆန္ဒပြမှုတို့အပေါ် Trump ၏ တုံ့ပြန်မှုများနှင့်ပတ်သက်၍ ပြစ်တင် ဝေဖန်ခဲ့ကြကြောင်းနှင့် ပြိုင်ဖက်ဒီမိုကရက် Joe Biden ထက်နောက်ကျနေပြီ ဖြစ်ပါသည်။
မဲရလဒ်များနှင့်ပတ်သက်၍ သတိပေးချက်များရှိသော်လည်း Binden သည် Trump အပေါ် ဦးဆောင်နေမှုသည် ၂၀၁၆ ခုနှစ် ဟင်လာရီကလင်တန်းအပေါ် ဦးဆောင်မှုထက်သာလွန်နေပါသည်။

0 comments:

Post a Comment