Tuesday, July 7, 2020

အမေရိကန်နိုင်ငံသည် TikTok အပါအဝင် တရုတ်ဆိုရှယ်မီဒီယာ apps များကို ပိတ်ပင်ရန် စောင့်ကြည့်လျက်ရှိကြောင်း Pompeo မှ ပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ အမေရိကန်နိုင်ငံသည် TikTok အပါအဝင် တရုတ်ဆိုရှယ်မီဒီယာ apps များကို ပိတ်ပင်ရန် စောင့်ကြည့်လျက် ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။
Fox News သတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် Mike Pompeo မှ “မိမိ အနေဖြင့် သမ္မတဒေါ်နယ်ထရန့်၏ ရှေ့သို့ မထွက်ချင်သော်လည်း ၎င်းသည် မိမိတို့ စောင့်ကြည့်နေသည့် အရေးကြီးသည့်အရာဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အမေရိကန်ဥပဒေပြုအမတ်များမှ TikTok ၏ အသုံးပြုသူအချက်အလက်များကို ကိုင်တွယ်မှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ထားသည့် ထောက်လှမ်းရေးလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများလိုအပ်နေသည့် တရုတ်ဥပဒေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများ၊ ၂ နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲများနှင့်ပတ်သက်၍ အမေရိကန်-တရုတ် နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ ပြောကြားချက်များ ပေါ်ထွက်လာခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြား နယ်စပ်ရေးရာ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် တရုတ်အခြေစိုက် ByteDance ကုမ္ပဏီပိုင် ဗီဒီယို app တစ်ခုဖြစ်သည့် TikTok ကို အခြားသော တရုတ် app ၅၈ ခုနှင့်အတူ အိန္ဒိယနိုင်ငံမှ ပိတ်ပင်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အမျိုးသား လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် TikTok သည် ဟောင်ကောင်ဈေးကွက်မှ ရက်အနည်းငယ်အတွင်း ထွက်ခွာသွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနမှ ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
source-Reuters #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment