
တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုကို Long March-2Dဒုံးပျံတွင် တင်ဆောင်၍ သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ရောက်အောင် ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါလွှတ်တင်လိုက်သော ဂြိုဟ်တုသည် အာကာသ သဘာဝပတ်ဝန်းကျင်လေ့လာရေးနှင့် သက်ဆိုင်ရာနည်းပညာ စမ်းသပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ယခုဂြိုဟ်တုလွှတ်တင်မှုသည် Long March-2Dဒုံးပျံ၏ ၃၃၈ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။



Crd : Xinhua
0 comments:
Post a Comment