Saturday, July 18, 2020

ပြင်သစ်နိုင်ငံရှိ Saint-Pierre-et-Saint-Paul ဘုရားကျောင်း မီးလောင်

ပြင်သစ်နိုင်ငံ Nantes မြို့ရှိ Saint-Pierre-et-Saint-Paul ခရစ်ယာန်ဘုရားကျောင်း မီးလောင်နေတယ်လို့ ဒေသတွင်း မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
မီးသတ်သမား(၆၀)ကျော်က မီးငြှိမ်းသတ်နေပြီး၊ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ အခင်းဖြစ်တဲ့နေရာ တစ်ဝိုက်က ဒေသခံတွေကိုလည်း ဘေးလွှတ်ရာရှောင်တိမ်းကြဖို့ မီးသတ်သမားတွေက တိုက်တွန်းထားပါတယ်။
ပြင်သစ်နိုင်ငံမှာ တန်ဖိုးအရှိဆုံး ရှေးဟောင်းဗိသုကာလက်ရာတစ်ခုဖြစ်တဲ့ ပဲရစ်မြို့ရှိ Notre-Dame ဘုရားကျောင်း မီးလောင်မှုဖြစ်ပြီးတစ်နှစ်အကြာမှာ အခု Nantes မြို့ရှိ Saint-Pierre-et-Saint-Paul ဘုရားကျောင်း မီးလောင်တာဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ (၁၉၇၂)ခုနှစ်တုန်းကလည်း မီးလောင်းခဲ့ဖူးပါတယ်။အဲဒီတုန်းကဘုရားကျောင်းရဲ့ခေါင်မိုးပျက်စီးသွားတာကြောင့် ပြန်လည် ပြင်ဆင်ဖို့ (၃)နှစ်ကြာပိတ်ထားခဲ့ရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment