Sunday, July 5, 2020

ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား (၁၂၂) ဦး၊ ကယ်ဆယ်ရေးအထူးလေယာဉ် (Relief Flight) မြန်မာလေကြောင်းလိုင်း (MAI) ဖြင့် ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာ

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၂)ဦးသည် Carnival Cruises ,Ltd(CCL)နှင့် မြန်မာသံရုံး ၊မနီလာမြို့တို့ ပူးပေါင်းစီစဥ်သည့်အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ ကယ်ဆယ်ရေးအထူးလေယာဉ် (Relief Flight) ၊ ခရီးစဉ်အမှတ် (8M 4002) ဖြင့် ယနေ့ (၅-၇-၂၀၂၀) ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ(၁၆:၁၅)နာရီတွင် မနီလာမြို့၊ NAIA အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးအထူးလေယာဉ်တွင် Carnival Conquest ၊ Carnival Dream နှင့် Holland America Cruises တို့မှ မြန်မာသင်္ဘောသား အမှုထမ်း (၁၀၇)ဦး ၊ တက္ကသိုလ် အသီးသီးမှ ပညာတော်သင် ကျောင်းသား/သူ (၉)ဦးနှင့် အခြားမြန်မာနိုင်ငံသား (၆)ဦး ၊စုစုပေါင်း (၁၂၂) ဦး လိုက်ပါသွားခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေးအထူးလေယာဉ် (Relief Flight) ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများ လေဆိပ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့မှ မြန်မာသံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများနှင့် ဖိလစ်ပိုင်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
၃။ မြန်မာသံရုံးအနေဖြင့် မနီလာမြို့မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးအထူးလေယာဉ် (Relief Flight) အဆင်ပြေစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း(MAI )မှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး
မနီလာမြို့။
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်
Crd : Myanmar Embassy Manila #Myanmar_Online_News

0 comments:

Post a Comment