Saturday, July 25, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းသွားပြီး Quarantine ၇ ရက်ထားရှိ စောင့်ကြည့်မည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် ဇူလိုင် ၂၄ ရက်နေ့ ညနေမှာ မောင်တောပြည်သူ့ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး လှဖိုးခေါင်မှာ Quarantine ၇ ရက် ထားရှိစောင့်ကြည့်သွားရပါဦးမယ်လို့​ သိရပါတယ်။
အသက်၂၂ နှစ်အရွယ် လူနာအမှတ် ၂၉၃ မှာ ဘူးသီးတောင်မြို့နယ်- သရကုန်မနူကျေးရွာနေသူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့​ပြီး ရောဂါကူးစက်လာခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၅ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၂ ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူစက်ခံရသူ လူ နာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။
>>Zawgyi<<
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းသွားပြီး Quarantine ၇ ရက်ထားရှိ စောင့်ကြည့်မည်
Saturday, July 25, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် ဇူလိုင် ၂၄ ရက်နေ့ ညနေမှာ မောင်တောပြည်သူ့ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး လှဖိုးခေါင်မှာ Quarantine ၇ ရက် ထားရှိစောင့်ကြည့်သွားရပါဦးမယ်လို့ သိရပါတယ်။
အသက်၂၂ နှစ်အရွယ် လူနာအမှတ် ၂၉၃ မှာ ဘူးသီးတောင်မြို့နယ်- သရကုန်မနူကျေးရွာနေသူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ပြီး ရောဂါကူးစက်လာခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၅ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၂ ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူစက်ခံရသူ လူ နာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

0 comments:

Post a Comment