Monday, July 20, 2020

ထိုင်းနိုင်ငံအနေဖြင့် မြန်မာလုပ်သားများကို ပြန်ဝင်ခွင့်ပြုကာ ဝင်ရောက်လာမည်ဆိုပါက ၁၄ ရက်ကြာ Quarantine ဝင်ရမည်ဖြစ်ပြီး တရားမဝင်ဝင်ရောက်မှုမရှိစေရန် ထိုင်းနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထား

COVID-19 ကပ်ရောဂါအတွင်း နေရပ်ပြန်သွားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့် ကြည့်မှုခံယူရမည်ဟု ထိုင်းနိုင်ငံ COVID-19 အခြေအနေစီမံ အုပ်ချုပ်ရေးစင်တာ (CCSA) က ပြောကြားလိုက်သည်။
CCSA ပြောရေးဆိုခွင့်ရှိသူ တာဝီဆစ်ပ် ဝီဆာနုယိုသင်းက မိ မိတို့စင်တာအနေဖြင့် အလုပ် ပါမစ်ရှိသော၊ ဗီဇာများရှိသောအ လုပ်သမားများနှင့် မရှိသူများ ပါ ဝင်သော ရွှေ့ပြောင်းအလုပ်သ မားအုပ်စုနှစ်ခုအတွက် တားမြစ် ထားမှုများ ဖြေလျှော့ရန်စဉ်းစား နေကြောင်း ပြောကြားသည်။
ဆောက်လုပ်ရေးနှင့်အစား အစာလုပ်ငန်းများမှ အလုပ်သ မားများအတွက် တားမြစ်ချက် များကို ဖြေလျှော့ပေးမည်ဖြစ်ပြီး နိုင်ငံခြားသားရွှေ့ပြောင်းအလုပ် သမားများသည် ခရီးသွားရန် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိကြောင်း အသိအမှတ်ပြုချက် အပြင် ထိုင်းနိုင်ငံသို့ ၎င်းတို့ခရီး သွားခြင်းအတွက် အသိအမှတ်ပြု ချက်လည်း လိုအပ်မည်ဖြစ် ကြောင်း ဒေါက်တာတာဝီဆစ်ပ် က ပြောကြားသည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား များခေါ်ယူမည့်အလုပ်ရှင်များအနေဖြင့် အ လုပ်သမားများအတွက် အာမခံ ချက်များပေးရမည်ဟု ၎င်းက ပြောကြားသည်။‘‘ရွှေ့ပြောင်းအလုပ်သမား တွေဟာ ၁၄ ရက်ရောဂါခြေချုပ် နေရပါမယ်၊ ခြေရာခံအက်ပလီ ကေးရှင်းရှိရပါမယ်’’ ဟု ဒေါက် တာတာဝီဆစ်ပ်က ပြောကြား သည်။
အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူပြီးနောက် အ လုပ်ရှင်များက အလုပ်သမားများ အား ၎င်းတို့၏ အလုပ်နေရာများ သို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးအသုံး ပြုသည့် စက်ရုံ၊အလုပ်ရုံများအ နေဖြင့် လုပ်သားလိုအပ်ချက်များ နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအ ရာရှိ ဦးဝေလင်းမောင်က ပြောသည်။
‘‘ထိုင်းနိုင်ငံကနေ တုံးထု ပြီးတော့ ပြန်သွားတဲ့သူတွေ ဗီဇာ ရှိသေးတယ်၊ သက်တမ်းတိုးထား တယ်။ တုံးထုပြီး ပြန်သွားတဲ့သူ တွေကို အရင်ပြန်ခေါ်ဖို့ စီစဉ်နေ တယ်လို့ ကြားတယ်။ လောလောဆယ်မှာ အဲဒီပုံစံနဲ့ အမြန်ခေါ်မယ် လို့ကြားတယ်’’ဟု သံအရာရှိ ဦး ဝေလင်းမောင်က ပြောသည်။
ထိုင်းနိုင်ငံသို့ ပြန်လည်ဝင် ရောက် လုပ်ကိုင်ကြမည့် မြန်မာ လုပ်သားများအနေဖြင့် ကျန်းမာ ရေးသတိရှိကြရန် အလုပ်သမား သံအရာရှိက ပြောသည်။
ထို့အပြင် နယ်စပ်ဒေသကို ထိုင်းအစိုးရက လုံခြုံရေးတိုးမြှင့်ထား၍ တရားမဝင်နည်းလမ်းဖြင့် လာရောက်ခြင်းမပြုကြရန် ၎င်းက သတိပေးသည်။
အလုပ်အကိုင်ခန့်ထားရေးဌာနမှ အလုပ်ရှင်များအနေဖြင့် တရားမဝင် အလုပ်သမားများ အား ထိုင်းနိုင်ငံသို့ မခေါ်ယူရန်နှင့် ယင်းသို့ခေါ်ယူပါက COVID- 19 ရောဂါပျံ့နှံ့မှုဖြစ်လာနိုင်ကြောင်း ထိုင်းအစိုးရက သတိပေးထား သည်။
အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးချုပ်ဆူချက် ပွန်ဆိုင်ဝီဆက်ကူလ်က နိုင်ငံခြား အလုပ်သမားများ လိုအပ်သော အလုပ်ရှင်များအနေဖြင့် တရားမဝင် အလုပ်သမားပွဲစားများ၏ လှည့်ဖြားမခံရစေရေး သတိပေးရန် မိမိတို့ဌာနအား အလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း ပြောကြားသည်။
အစိုးရက နယ်စပ်များကို ပိတ်ထားပြီး တင်းကျပ်သောပြည် ဝင်ခွင့်ဆိုင်ရာ အစီအစဉ်များချ မှတ်ထားသော်လည်း COVID- 19 ရောဂါပျံ့နှံ့မှုအတွင်း အိမ်နီး ချင်းနိုင်ငံများမှ အလုပ်သမား များခေါ်ယူပေးနိုင်သည်ဟုပွဲစား များက မကြာခဏပြောဆိုနေကြ ကြောင်း မစ္စတာဆူချက်က ပြော ကြားသည်။
တရားမဝင်ရွှေ့ပြောင်းအ လုပ်သမားပွဲစားများအနေဖြင့် ထောင်ဒဏ်သုံးနှစ်မှ (၁၀)နှစ်အထိ ချမှတ်ခံရနိုင်ကာ ဒဏ်ငွေဘတ်တစ်သန်း (သို့မဟုတ်) ယင်းပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရ နိုင်သည်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း လုပ်သား တစ်သိန်းကျော် နေရပ် ပြန်လာခဲ့သည်။
Ref:BangkokPost
Crd : 7Day

0 comments:

Post a Comment