Thursday, July 16, 2020

သထုံ Quarantine စင်တာက ထွက်ပြေးသွားတဲ့ ပြည်တော်ပြန်အမျိုးသမီးကို မတွေ့သေး

သထုံမြို့နယ် စက်မှုကျောင်း Quarantine စင်တာက ထွက်ပြေးသွားတဲ့ အမျိုးသမီးကို အခုအချိန်ထိ ပြန်မတွေ့သေးဘူးလို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။ အဲဒီ အမျိူးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့ ညပိုင်းက Quarantine စင်တာကနေ ခိုးပြီးထွက်ပြေးသွား တာလို့ သိရပါတယ်။
“အခုအခြေအနေကတော့ စုံစမ်းရှာဖွေမှုတွေ လုပ်နေတုန်းပါပဲဗျ။ Quarantine စင်တာမှာက လူမှုကူညီရေး အဖွဲ့တွေ လုံခြုံရေးတွေတော့ ချထားတယ်ဗျ။ သူက အလစ်မှာ ထွက်ပြေးသွားတာပါ။”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက O Media ကို ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လာတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့က Quarantine စင်တာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ အမျိုးသမီးဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နေသူဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ရဲတပ်ဖွဲ့ဝင်တွေက သူနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာအပါအဝင် ဆွေမျိုးတွေရှိတဲ့နေရာတွေကိုပါ လိုက်စုံစမ်း
ရှာဖွေနေတယ်လို့ သိရပါတယ်။
Source - မွန်ပြည်နယ် သတင်းစုံ

0 comments:

Post a Comment