Tuesday, July 14, 2020

ပြည်တော်ပြန်များထားရှိသည့် သထုံအမှတ်(၂)စက်မှုလုပ်ငန်း တာယာစက်ရုံ Quarantine နေရာတွင် အမျိုးသမီးတစ်ဦး ထပ်မံ ထွက်ပြေးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာရှိ အမှတ်(၂) စက်မှုလုပ်ငန်း တာယာစက်ရုံ Quarantinr နေရာတွင် စောင့်ကြည့်ကန့်သတ်ထားရှိသူ ပြည်တော်ပြန် အမျိုးသမီးတစ်ဦး ဇူလိုင် ၁၃ ရက် ညပိုင်းက ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
"ထွက်ပြေးသွားတာ ဟုတ်တယ်။ ည ၉ နာရီလောက်က ထွက်ပြေးသွားတယ်။ သူနေတာက ဘီးလင်း ဘက်ကပါ။ ခုထိရှာတုန်းပဲ။ သူရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ သူထွက်ပြေးတာနဲ့ ပတ်သက်ပြီး အထက်ကို တင်ပြထားတယ်။ အရေးယူမှုကိုတော့ အထက်ကညွှန်ကြားလာတဲ့အတိုင်း ဆက်လက်လုပ်ဆောင်မယ်။'' ဟု သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောသည်။
ထွက်ပြေးသွားသူ အမျိုးသမီးမှာ ဒေါ်တင်ဝင်းခိုင် ၃၈ နှစ် ဘ ဦးသန်း ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေသူ ဖြစ်ပြီး ဒေါ်တင်ဝင်းခိုင် ထွက်ပြေးချိန် ၎င်းနေထိုင်သည့် CBFQ အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပန်းရံ လုပ်ကိုင်နေသူ ဒါ်တင်ဝင်းခိုင်၏ အမျိုုးသားမှာလဲ အလုပ်မှ ထွက်သွားပြီး အဆက်သွယ်မရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံမှ တဆင့် မြဝတီဘက်သို့ ပြန်လည် ဝင်ရောက်လာပြီး မြဝတီမှတဆင့် သထုံ အမှတ်(၂)စက်မှုလုပ်ငန်းတာယာစက်ရုံရှိ Quaeantine center သို့ မြတ်ရတနာ မှန်လုံယာဉ်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်တွင် ပြည်တော်ပြန်များထားရှိရန် Quarantine center အဖြစ် သထုံကွန်ပျူတာတက္ကသိုလ်၊ စိုက်သိပ္ပံကောင်း(သထုံ)နှင့် အမှတ်(၂)စက်မှုလုပ်ငန်း တာယာစက်ရုံတို့တွင် ထားရှိပြီး စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။
Crd : Myitmakha

0 comments:

Post a Comment