Tuesday, July 14, 2020

“ရုရှားရေတပ်၏ တိုက်ပွဲဝင်ခရူဇာစစ်ရေယာဉ် Pyotr Velikiy မှ ပဲ့ထိန်းဒုံးပျံ ပစ်ခတ်လေ့ကျင့်ခြင်း”

ရုရှားရေတပ်၏ တိုက်ပွဲဝင်ခရူဇာစစ်ရေယာဉ် Pyotr Velikiy သည် ပဲ့ထိန်းဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုအား Barents ပင်လယ်ပြင်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ၁၃-၇-၂၀၂၀ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ရုရှားရေတပ်မှ စစ်ရေယာဉ်များဖြစ်ကြသော ခရူဇာ စစ်ရေယာဉ် Pyotr Velikiy နှင့် Marshal Ustinov ခရူဇာစစ်ရေယာဉ်တို့သည် မြောက်ပိုင်းစစ်ရေယာဉ်စု စစ်ဆင်ရေးရေပြင်ဖြစ်သော Barents ပင်လယ်သို့ အတူ တကွ တပ်ဖြန့်ကာ လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ရာတွင် ရေယာဉ် ပေါ်တွင် တာဝန်ထမ်းဆောင်သည့် အရာရှိ၊ စစ်သည်များအနေဖြင့် သက်ဆိုင်ရာ လေ့ကျင့်ခန်းများအလိုက် ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ စစ်ရေယာဉ် Pyotr Velikiy မှ P-700 Granit အမျိုးအစား ရေယာဉ်ဖျက်ပဲ့ထိန်းဒုံးပျံနှင့် P-1000 Vulkan အမျိုးအစား ရေယာဉ်ဖျက်ပဲ့ထိန်းဒုံးပျံများအား ကမ်းခြေရှိ ပစ်မှတ် များထံသို့ လေ့ကျင့်ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ လေ့ကျင့်ခန်းအား ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုအား စမ်းစစ်ရာရောက်သကဲ့သို့ လက်နက်စနစ်များ၏ ဖျက်စွမ်းအားအပေါ် ယုံကြည်မှုများ တိုးပွားလာနိုင်စေမည်ဖြစ်သည်။
ပဲ့ထိန်းဒုံးပျံများပစ်ခတ်ခဲ့သည့် ခရူဇာစစ်ရေယာဉ် သည် Kirov အတန်းအစား၏ ၄ စီးမြောက် စစ်ရေယာဉ်ဖြစ်ပြီး Baltic ရေယာဉ် တည်ဆောက်ရေးလုပ်ငန်းမှတည်ဆောက်ကာ ၁၉၉၈ ခုနှစ်၊ ဧပြီလတွင် တပ်တော်ဝင် ခဲ့ကြောင်း တွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် အဆိုပါစစ်ရေယာဉ်သည် ရုရှား ရေတပ်၊ မြောက်ပိုင်းစစ်ရေယာဉ်စု၏ ဦးဆောင်ရေယာဉ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းရေယာဉ်အား ရုရှားရေတပ်အနေဖြင့် နှစ် ၅၀ ခန့်တာဝန်ထမ်းဆောင်နိုင်အောင် ကောင်းမွန်သောအစီအမံများဖြင့် နျူကလီးယား စွမ်းအင်အသုံးပြုကာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရွယ်အစားအားဖြင့် အလျား ၁၈၅.၄ မီတာ၊ အနံ ၂၀.၈ မီတာ၊ ရေးစူး ၈.၄ မီတာနှင့် တန်ချိန်ပေါင်း ၁၀၀၀၀ တန်ရှိပြီး တစ်နာရီလျှင် ၃၂ မိုင်ခန့် မောင်းနှင်စစ်ဆင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Link >>>> https://www.navyrecognition.com/…/8723-russian-battlecruise…
Crd : Mg Moe'Fb #Myanmar_Online_News

0 comments:

Post a Comment