Saturday, July 25, 2020

ရုရှားရေတပ်မှ Project 636.3 ရေငုပ်သင်္ဘောတစ်စီးအား ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းများ အောင်မြင်စွာပြုလုပ်နိုင်ခဲ့

ရုရှားရေတပ်မှ Project 636.3 အဖြစ်သတ်မှတ်ထားသော Kilo အတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီးအား ပင်လယ်ပြင်လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းများ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ၂၃-၂-၂၀၂၀ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းစစ်ရေယာဉ်အား Admiralty ရေယာဉ်တည်ဆောက်ရေးမှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရုရှားရေတပ်အနေဖြင့် အဆိုပါ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအား Project 636.3 အဖြစ် သတ်မှတ်ထားသော Kilo အတန်းအစား ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘော ၆ စီးတည်ဆောက်ရန်အတွက် ကန်ထရိုက်ပေးထား ကြောင်းတွေ့ရှိရပါသည်။
ယခုကဲ့သို့ ပင်လယ်ပြင်တွင် လက်တွေ့စမ်းသပ်စစ်ဆေး ခြင်းများဆောင်ရွက်နိုင်ခဲ့သော ရေငုပ်သင်္ဘောမှာ B-603 Volkhov အမည်ရှိ ရေငုပ် သင်္ဘောဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းစစ်ရေယာဉ်သည် ရေယာဉ်တည်ဆောက် ရေးလုပ်ငန်းမှ ၂၈-၇-၂၀၁၇ ခုနှစ်တွင် ဧရာခင်းပွဲပြုလုပ်ခဲ့ပြီး ၂၆-၁၂-၂၀၁၉ ရက် နေ့တွင် ရေချပွဲအခမ်းအနား ကျင်းပပြုလုပ်ကာ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်အတွင်း တွင် အဆိုပါရေငုပ်သင်္ဘော၏ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများ ပြီးပြတ်ပြီဖြစ်သော ကြောင့် ရုရှားရေတပ်ထံသို့ မလွှဲပြောင်းမီအချိန်အတွင်း အရည်အသွေးအကောင်း မွန်ဆုံးဖြစ်စေရန် ပင်လယ်ပြင်လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများအား ဆောင်ရွက် ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရုရှားရေတပ်အနေဖြင့်လည်း ၎င်းရေငုပ်သင်္ဘော အား ၂၅-၁၁-၂၀၂၀ ပြည့်နှစ်အတွင်း တပ်တော်ဝင်နိုင်ရန်အတွက် မျှော်မှန်းထားရှိ ကြောင်းတွေ့ရှိရပါသည်။ ပင်လယ်ပြင်လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းများတွင် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် ဆိုနာစနစ်များ၊ ရေဒါစနစ်များ၊ ဆက် သွယ်ရေးစနစ်များ၊ အသက်ရှင်နေထိုင်ရေးဆိုင်ရာ အထောက်အပံ့စနစ်များနှင့် ရေယာဉ်တွင်တပ်ဆင်ထားသော အခြားစနစ်များကိုလည်း သေချာစွာ စမ်းသပ် စစ်ဆေးခဲ့ကြောင်း တွေ့ရှိရပါသည်။
ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခဲ့ခြင်း၏ ရလဒ် များအရ အဆိုပါရေငုပ်သင်္ဘော၏ ရေငုပ်လျှိုးကာ ခုတ်မောင်းခြင်း၊ စက်ပိုင်း ဆိုင်ရာနှင့် ရေယာဉ်ကြံ့ခိုင်မှုဆိုင်ရာများသည်လည်း ကောင်းမွန်မှုရှိကြောင်း တွေ့ရှိ ရပါသည်။ ထိုကဲ့သို့သော ရလဒ်ကောင်းများထွက်ပေါ်ခဲ့သော်လည်း ရေယာဉ်တည် ဆောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းအား ထပ်မံဆောင်ရွက်ကာ ယုံကြည်စိတ်ချရသည့်အဆင့်သို့ ရောက်ရှိမှသာ ရုရှားရေတပ်ထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရုရှားရေတပ်အနေဖြင့် Kilo အတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ် သင်္ဘောများအား အသုတ် ၂ သုတ်ခွဲကာ Admiralty ရေယာဉ်တည်ဆောက်ရေးအား တည်ဆောက်စေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
လက်ရှိအချိန်တွင် တည်ဆောက် နေသော ရေငုပ်သင်္ဘော ၆ စီးသည် ဒုတိယအသုတ်ဖြစ်ကာ ၎င်းတို့အား ပစိဖိတ် စစ်ရေယာဉ်စုတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်က တည်ဆောက်ခဲ့သည့် ပထမအသုတ် ၆ စီးအား ရုရှားရေတပ်ထံသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီးနောက် Black Sea စစ်ရေယာဉ်စုတွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင် နေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ရုရှားရေတပ်အနေဖြင့် Baltic စစ်ရေ ယာဉ်စုတွင် တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းအတန်းအစား ရေငုပ်သင်္ဘော ၆ စီး အားထပ်မံတည်ဆောက်ရန် စဉ်းစားလျက်ရှိ သတင်းရရှိပါသည်။
>>Zawgyi<<
ရုရှားရေတပ်မှ Project 636.3 ရေငုပ်သင်္ဘောတစ်စီးအား ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းများ အောင်မြင်စွာပြုလုပ်နိုင်ခဲ့
Saturday, July 25, 2020
ရုရှားရေတပ်မှ Project 636.3 အဖြစ်သတ်မှတ်ထားသော Kilo အတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီးအား ပင်လယ်ပြင်လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းများ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ၂၃-၂-၂၀၂၀ ရက်နေ့ တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းစစ်ရေယာဉ်အား Admiralty ရေယာဉ်တည်ဆောက်ရေးမှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရုရှားရေတပ်အနေဖြင့် အဆိုပါ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအား Project 636.3 အဖြစ် သတ်မှတ်ထားသော Kilo အတန်းအစား ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘော ၆ စီးတည်ဆောက်ရန်အတွက် ကန်ထရိုက်ပေးထား ကြောင်းတွေ့ရှိရပါသည်။
ယခုကဲ့သို့ ပင်လယ်ပြင်တွင် လက်တွေ့စမ်းသပ်စစ်ဆေး ခြင်းများဆောင်ရွက်နိုင်ခဲ့သော ရေငုပ်သင်္ဘောမှာ B-603 Volkhov အမည်ရှိ ရေငုပ် သင်္ဘောဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းစစ်ရေယာဉ်သည် ရေယာဉ်တည်ဆောက် ရေးလုပ်ငန်းမှ ၂၈-၇-၂၀၁၇ ခုနှစ်တွင် ဧရာခင်းပွဲပြုလုပ်ခဲ့ပြီး ၂၆-၁၂-၂၀၁၉ ရက် နေ့တွင် ရေချပွဲအခမ်းအနား ကျင်းပပြုလုပ်ကာ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်အတွင်း တွင် အဆိုပါရေငုပ်သင်္ဘော၏ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများ ပြီးပြတ်ပြီဖြစ်သော ကြောင့် ရုရှားရေတပ်ထံသို့ မလွှဲပြောင်းမီအချိန်အတွင်း အရည်အသွေးအကောင်း မွန်ဆုံးဖြစ်စေရန် ပင်လယ်ပြင်လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများအား ဆောင်ရွက် ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရုရှားရေတပ်အနေဖြင့်လည်း ၎င်းရေငုပ်သင်္ဘော အား ၂၅-၁၁-၂၀၂၀ ပြည့်နှစ်အတွင်း တပ်တော်ဝင်နိုင်ရန်အတွက် မျှော်မှန်းထားရှိ ကြောင်းတွေ့ရှိရပါသည်။ ပင်လယ်ပြင်လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းများတွင် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် ဆိုနာစနစ်များ၊ ရေဒါစနစ်များ၊ ဆက် သွယ်ရေးစနစ်များ၊ အသက်ရှင်နေထိုင်ရေးဆိုင်ရာ အထောက်အပံ့စနစ်များနှင့် ရေယာဉ်တွင်တပ်ဆင်ထားသော အခြားစနစ်များကိုလည်း သေချာစွာ စမ်းသပ် စစ်ဆေးခဲ့ကြောင်း တွေ့ရှိရပါသည်။
ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခဲ့ခြင်း၏ ရလဒ် များအရ အဆိုပါရေငုပ်သင်္ဘော၏ ရေငုပ်လျှိုးကာ ခုတ်မောင်းခြင်း၊ စက်ပိုင်း ဆိုင်ရာနှင့် ရေယာဉ်ကြံ့ခိုင်မှုဆိုင်ရာများသည်လည်း ကောင်းမွန်မှုရှိကြောင်း တွေ့ရှိ ရပါသည်။ ထိုကဲ့သို့သော ရလဒ်ကောင်းများထွက်ပေါ်ခဲ့သော်လည်း ရေယာဉ်တည် ဆောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းအား ထပ်မံဆောင်ရွက်ကာ ယုံကြည်စိတ်ချရသည့်အဆင့်သို့ ရောက်ရှိမှသာ ရုရှားရေတပ်ထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရုရှားရေတပ်အနေဖြင့် Kilo အတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ် သင်္ဘောများအား အသုတ် ၂ သုတ်ခွဲကာ Admiralty ရေယာဉ်တည်ဆောက်ရေးအား တည်ဆောက်စေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
လက်ရှိအချိန်တွင် တည်ဆောက် နေသော ရေငုပ်သင်္ဘော ၆ စီးသည် ဒုတိယအသုတ်ဖြစ်ကာ ၎င်းတို့အား ပစိဖိတ် စစ်ရေယာဉ်စုတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်က တည်ဆောက်ခဲ့သည့် ပထမအသုတ် ၆ စီးအား ရုရှားရေတပ်ထံသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီးနောက် Black Sea စစ်ရေယာဉ်စုတွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင် နေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ရုရှားရေတပ်အနေဖြင့် Baltic စစ်ရေ ယာဉ်စုတွင် တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းအတန်းအစား ရေငုပ်သင်္ဘော ၆ စီး အားထပ်မံတည်ဆောက်ရန် စဉ်းစားလျက်ရှိ သတင်းရရှိပါသည်။

0 comments:

Post a Comment