
Online Media လူထုဟစ်တိုင်” Facebook Page တွင် ဖော်ပြထားသော “ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုသော သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတု သတင်းမှား ပို့စ်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မန္တလေးသတင်းဂျာနယ်သို့ ယနေ့(ဇူလှိုင် ၁၄) မွန်းလွဲပိုင်းက ပြောကြားသည်။
“လူထုဟစ်တိုင်” Facebook Page မှာ တင်ထားသော “ဒေါက်ဇော် Chat Box ပေါက်ကြား” ဆိုတဲ့ သတင်းဟာ လုပ်ကြံဖန်တီးထားတာပါ။ သတင်းတု သတင်းမှား ပို့စ်သာဖြစ်ပါတယ်။” ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။










Crd : Mandalay News Journal
0 comments:
Post a Comment