Monday, July 27, 2020

လာမည့်၂၀၂၀ရွေးကောက်ပွဲတွင် (No Vote )မဲမပေးရန် လှုံ့ဆော်ရေးသားခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ရွေး/ကော် ကြေညာထား

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲတွင် (No Vote ) မဲမပေးရန် လှုံ့ဆော်ရေးသားခြင်းများ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ရွေး/ကော်မှကြေညာချက်အရ သိရပါသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေပုဒ်မ (ဃ)အရ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်ဖြစ်စေ၊ စည်းရုံးဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာ များ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် အားထုတ်ကြိုး ပမ်းခြင်း မပြုရန်နှင့် အကယ်၍ ဥပဒေတခုခုကို ဖောက်ဖျက် ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု သက် ဆိုင် ရာလွှတ်တော်အလိုက် ရွေးကောက် ပွဲဥပဒေများတွင် ပြဌာန်းဖော်ပြထား သည်။
ထို့အပြင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြု၍ ဆန္ဒမဲမပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန် သော်လည်း ကောင်းပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေငြာချက် ထုတ်ပြန်ခြင်း သို့မ ဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေး လှုံ့ ဆော်ခြင်း မပြုကြရန် တားမြစ်ထား သည်။
ယင်းကဲ့သို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးတွင် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ထုတ်ပြန် ကြေညာထားပြီး ဖြစ် ကြောင်း သိရသည်။

0 comments:

Post a Comment