Thursday, July 23, 2020

လက်တလောလူမှုကွန်ရက်တွင် ပျံ့နှံနေသော NO VOTE လှုပ်ရှားမှုများမှာ ညွန့်ပေါင်းအစိုးရဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ဟု ဒေါက်တာဇော်မြင့်မောင်ပြောကြား

လက်တလောလူမှုကွန်ရက်တွင် ပျံ့နှံနေသော လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမပေးကြရန် ပြုလုပ်နေ သည့် NO VOTE လှုပ်ရှားမှုများမှာ ညွန့်ပေါင်းအစိုးရဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက် တာဇော်မြင့်မောင်က ပြောသည်။
‘‘မဲပေးတယ်ဆိုတာ ငါတို့ကို၊ စီမံပိုင်ခွင့်ရှိတဲ့အစိုးရကို ငါတို့ ရွေးချယ်ခွင့်ရှိတယ်။ အဲဒီအထဲက အကောင်းဆုံးကိုရွေးမယ်ဆိုတဲ့ အခွင့်အရေး ရယူသင့်တယ်။ မဲမပေးဘူးဆိုတာက ညွန့် ပေါင်းအစိုးရ ဖြစ်သွားအောင် No Vote လုပ်နေကြတာပေါ့’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြော သည်။ ရွေးကောက်ပွဲ နီးကပ်လာ သည့်အချိန်များတွင်ပြည်သူများမဲမပေးကြရန် လူမှုကွန်ရက်မှ တစ်ဆင့် No Vote လှုပ်ရှားမှု များပြုလုပ် လှုံ့ဆော်မှုများရှိနေ သည်။
‘‘No Vote ဆိုတာ မရှိသင့်ဘူး။ ဒါက ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်တာပဲ။ ဒါကကိုယ်ရဲ့ ရပိုင်ခွင့်ပဲ’’ဟု ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
ပြည်သူများအနေဖြင့် မဲပေးရာတွင် မိမိစိတ်ကြိုက်ပါတီကို မဲပေးနိုင်ပြီး ပါတီများအနေဖြင့် လည်း မိမိပါတီကိုမဲပေးရန် စည်းရုံးမှုများ လုပ်ဆောင်ကြမည်ဟု ၎င်းက ဆက်လက်ပြောသည်။

0 comments:

Post a Comment