Friday, July 24, 2020

ရေးမြို့နယ် ပြည်နယ် (၂) နေရာအတွက် ရွေးချယ်ထားသော ကိုယ်စားလှယ် ဦးချစ်တင် အရွေးခံရင် မဲမထည့်ကြောင်းနှင့် NLD ပါတီမှ နှုတ်ထွက်မည်ဟုဆို

ရေးမြို့နယ်၊ပြည်နယ်(၂)နေရာ ကိုယ်စားလှယ်လောင်းအတွက် ရွေးချယ်မှားယွင်းမှုအပေါ် ‌ဇီးဖြူသောင်ကျေးရွာ၊အစင်ကျေးရွာတို့မှပါတီဝင်များ၊အောင်နိူင်ရေးအဖွဲ့များ၊အမာခံတစ်ထောင်ကျော်တို့က ယခုအမည်ထွက်ရှိ ရွေးချယ်ထားသော ပြည်နယ်(၂)ကိုယ်စားလှယ် ဦးချစ်တင် အရွေးခံရင် မဲမထည့်ဘူး၊ပါတီမှနှုတ်ထွက်မည်ဟုပြောဆိုထားကြောင်း သိရှိရသည်။
မွန်ပြည်နယ်အဖွဲ့ချုပ်မှ ၂၀၂၀ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိူင်ရရှိရေးအတွက်ရေးမြို့နယ် ပြည်သူ့အသံကိုနားထောင်ပြီး မှားယွင်းစွာရွေးချယ်ထားသောကိုယ်စားလှယ်လောင်းအမည်အားအချိန်မီ ပြင်ဆင်ပေးနိူင်မှ လာမည့်ရွေးကောက်ပွဲ ၂၀၂၀ တွင် ရေးမြို့ NLD အနိူင်ရမည်ဖြစ်ကြောင်းသိရသည်။
Source - Lin Aung Swe

0 comments:

Post a Comment