Monday, July 6, 2020

ထောက်ပံ့ကြေးကိစ္စ မတိုင်ပင်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးကို NLD အမတ်တိုင်ကြား

နိုင်ငံတော်မှ covid 19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း လူအများသို့ ထောက်ပံ့ကြေးပေးအပ်သည့်ကိစ္စ မတိုင်ပင်ဟုဆိုကာ ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ရန်ကုန်တိုင်းအစိုးရထံ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်က တိုင်ကြားထား ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေက “ကျွန်တော်တို့နဲ့ မတိုင်ပင်ဘူးဆိုတာမှာ သူကတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၈၄ မှာက ဒီဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ အုပ်ချုပ်ရေးလုပ်ငန်းတို့၊ လူမှုစီးပွားရေးလုပ်ငန်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားတာပေါ့။ ပြဋ္ဌာန်းထားတော့ ဒီမှာက မြို့နယ်အုပ်ချုပ်ရေးမှူးက သူက တချို့ကိစ္စတွေ မှာ မတိုင်ပင်ဘူးပေါ့ဗျာ။ တော်တော်များများပေါ့။ သူထင်တိုင်းကြဲတဲ့သဘောပေါ့ဗျာ။ ထင်တိုင်းကြဲတဲ့သဘောဆိုတော့ အဲ့ဒီကိစ္စ တွေ ကျွန်တော်တို့ကမသိဘူးဗျ။ အခုကိစ္စဆိုလည်း ပေးတာရတာ ကျွန်တော်တို့မသိဘူး။ ဘယ်တော့မှသိလဲဆိုတော့ ပြဿနာ ဖြစ်မှ ကျွန်တော်တို့ကသိတာ။ အခု နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးမရတဲ့သူတွေက ကျွန်တော့်ဆီတိုင်တယ်။ အခုတော့ သူ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီ တိုင်ထားတယ်’’ဟု ပြောကြားသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်၏အနောက်တောင်ကမ်းပေါ်တွင် တည်ရှိပြီး ရပ်ကွက်၉ခုရှိကာလူဦးရေ ၃၄၀၀၃ ဦးနေထိုင်ကြောင်း သိရသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးအား ဇူလိုင် ၆ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံစာဖြင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ကတိုင်တန်းခဲ့ခြင်းဖြစ်သည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment