Monday, July 20, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် NLDပါတီမှ လက်ရှိသမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပါတီကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၁ရက်တွင် ကြေညာမည်ဖြစ်

၂၀၂၀ရွေးကောက်ပွဲအတွက် NLDပါတီမှ လက်ရှိ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ် လောင်းစာရင်းကို ဇူလိုင် ၂၁ ရက် တွင် ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘၂၁ ရက်နေ့မှာ CEC အ စည်းအဝေးရှိတယ်။ အဲဒီမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အ တည်ပြုချက်ရယူပြီးမှ ကြေညာ နိုင်မယ်။ ခုပြောလို့လွဲသွားရင် မကောင်းဘူး။ ၂၁ ရက် CEC အ စည်းအဝေးပြီးရင် ကြေညာချက် ထွက်ပါမယ်’’ ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။
မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ဇူလိုင် ၁၉ ရက်က ကျင်းပသည့် (၇၃) နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအပြီးတွင် ၎င်းက မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပါတီဒုဥက္ကဋ္ဌ (၁) ဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်သည် တာမွေမဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးပို့ ထားကြောင်း ပါတီတာဝန်ရှိသူ အချို့က ပြောကြားမှုများရှိသော် လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည် ပြုပြောကြားခြင်းများ မရှိသေးပေ။ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မည့် ဒီချုပ်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် အဆင့်လေး ဆင့်ဖြင့် စိစစ်ရွေးချယ်ပြီး နောက် ဆုံးအဆင့် CEC အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းသို့ ရွေးချယ်ရာ တွင် အခက်အခဲများရှိခဲ့ပြီး အချိန် ယူရွေးချယ်ရကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၀ ရက် (ယနေ့)ကစတင်ကာ တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ကြေညာထားသည်။
Crd : 7Day

0 comments:

Post a Comment