Friday, July 17, 2020

လက်ရှိအာဏာရ NLDအစိုးရလက်ထက် လေးနှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများကြောင့် တရားစွဲဆိုခံရမှု စုစုပေါင်း ၅၃၉ မှုအထိရှိနေကြောင်း အသံအဖွဲ့ ထုတ်ပြန်

လက်ရှိအာဏာရ NLDအစိုးရ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံ ရမှုများကြောင့် တရားစွဲဆိုခံရမှု စုစုပေါင်း ၅၃၉ မှုအထိ ရှိခဲ့ပြီး အနည်းဆုံး လူပုဂ္ဂိုလ် ၁,၀၅၁ ဦး တရားစွဲဆိုခံခဲ့ရကြောင်း အသံ(လွတ်လပ်စွာ ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) မှ ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည်။
ထိုသို့တရားစွဲဆိုမှုများတွင် တပ်မတော်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုး ဖောက်ပြီး တိုက်ရိုက်တရားစွဲဆိုမှု (၅၂)ကြိမ်အထိရှိခဲ့ရာ တရားစွဲဆို သည့်အမှုများတွင် ၄၈ ရာခိုင်နှုန်း သည် ဆိုရှယ်မီဒီယာနှင့် အခြားသော ဒစ်ဂျစ်တယ်ပလက်ဖောင်း များတွင် တပ်မတော်ကို ဝေဖန် ပြောသောကြောင့်ဖြစ်ပြီး ကျန် ၅၂ ရာခိုင်နှုန်းသည် မြေပြင်တွင် ဝေဖန်ပြောဆိုမှုများကြောင့်ဖြစ် သည်ဟု အသံအဖွဲ့က ထုတ်ပြန် ထားသည်။
ထို့အပြင် လွတ်လပ်စွာပြောဆိုမှုနှင့်ပတ်သက်ပြီး တရားစွဲဆို မှုများသည် နှစ်အလိုက် မြင့်တက် လျက်ရှိပြီး အစိုးရသက်တမ်း ဒုတိ ယနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုများသည် ပထမနှစ် ထက်ဖြစ်ပွားမှု ၁၉ ရာခိုင်နှုန်းမြင့် တက်လာခဲ့ပြီး သုံးနှစ်တာကာလ အတွင်း ၄၉ ရာခိုင်နှုန်းအထိ မြင့် တက်ကာ လေးနှစ်တာကာလ သည်လည်း ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု အသံအဖွဲ့ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
တရားစွဲဆိုခံရသည့် အမှုများသည် အစိုးရက တရားလိုပြု လုပ်တိုင်တန်းသည်က အများဆုံး ဖြစ်ခဲ့ပြီး ဒုတိယအများဆုံးမှာ အရပ်သားပြည်သူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အရပ်သားပြည်သူများ တရားလိုပြုလုပ်တိုင် တန်းရာတွင် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊ အစိုးရ၊ NLD ပါတီ နှင့် USDP ပါတီစသည်တို့ကို ဝေဖန်ပြောဆိုသောကြောင့် ကြားလူ အနေဖြင့် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်သည်ဟု အသံဖွဲ့ကဆိုသည်။
ထို့အပြင် ဒီချုပ်အစိုးရအနေဖြင့် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား ဖမ်းဆီးနေခြင်း သည် ယခင် စစ်အစိုးရလက်ထက်နှင့် ထူးမခြားနား ဖိနှိပ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အင် တာနတ်ဖြတ်တောက်မှု ရပ်ဆိုင်းပေးရန် တောင်းဆိုသောကျောင်းသားများကို ဖမ်းဆီးခြင်း၊ ပြည်တွင်းအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတောင်းဆိုသော လူငယ်များအား ခွင့်ပြုချက်မပေးဘဲ အရေးယူခြင်း၊ အစိုးရနှင့် တပ်မ တော်အား ဆန့်ကျင်ဆန္ဒပြနေသူ များကို ဖမ်းဆီးအရေးယူခြင်းတို့ ကို ပြင်းပြင်းထန်ထန် လုပ် ဆောင်နေဆဲဖြစ်ကြောင်း အသံ အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ထို့ကြောင့် ဒီချုပ်အစိုးရအ နေဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်၏ အဓိကအစိတ်အပိုင်းဖြစ် သော လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နှင့် သတင်းမီဒီယာလွတ်လပ် ခွင့်တို့အပေါ် လျစ်လျူရှု ဖိနှိပ်နေဆဲဖြစ်ကြောင်း အသံအဖွဲ့က ထုတ်ပြန်သည်။
အစိုးရနှင့် တပ်မတော်တို့ကလည်း ၎င်းတို့အပေါ် ဝေဖန်ပြေ ကြားခြင်းကိစ္စနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်းမပြုလုပ်ကြရန်နှင့် လက်ရှိစွဲထားသော အမှုများကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေး ရန် အသံအဖွဲ့က တောင်းဆို သည်။
Crd : 7Day

0 comments:

Post a Comment