Monday, July 6, 2020

ပင်းတယမြို့၌ အမျိုးသားဒိမိုက‌ရေစီ ပါတီဝင်တစ်ဦးသည် NLD ပါတီမှ ပွင့်လင်းမြင်သာမှုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာအမျိုးသားဒီမိုကရေစီပါတီမြို့နယ်တာဝန်ခံ (၁၉) ဦးကော်မတီ အသစ်ထပ်မံဖွဲ့စည်းထားခြင်းအား အလိုမရှိကြောင်း ပါတီဝင်တစ်ဦးက ယနေ့ဇူလိုင်လ (၆)ရက်နေ့နံနက်(၈)နာရီ၂၀မိနစ်အချိန်ကစတင်၍ပုန်းတလုတ်ကန်ရေကန်ပတ်လမ်းအတိုင်း တစ် ကိုယ်တော်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သည့် NLDပါတီဝင် ဦးအောင်စိုးထက်က
" အသစ်ဖွဲ့စည်းရင် အရင်လူဟောင်းများကိုထုတ်ပယ်ကြောင်း ဖျက်သိမ်းကြောင်းကြေညာရပါမယ် ၊ အခုလိုအကြောင်းကြားခြင်းမရှိတဲ့အတွက်ပွင့်လင်းမြင်သာမှုမရှိတာထင်ရှားပါတယ် ၊ ကျွန်တော့အနေနဲ့ခံပြင်းလွန်းလို့ဆန္ဒဖေါ်ထုတ်ခြင်းပါ" လို့ ဆိုသည်။
"အသစ်ထပ်မံဖွဲ့စည်းလိုက်သေမြို့နယ်NLDပါတီ(၁၉)ဦးကော်မတီအားလုံးဝအလိုမရှိ ”စသည့်ကြွေးကြော် သံ များဖြင့် ပင်းတယမြို့ မြို့မစျေးအနောက်ဘက်လမ်းမှ ပုန်းတလုတ်ရေကန်ပတ်လမ်းအတိုင်း တစ်ကိုယ် တော်ချီတက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ၊ လူစည်းကားရာနေရာများနှင့် ရေကန်အရှေ့မြောက်ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့တွင် ကြေးရုပ်အားအလေးပြု၍ ဆန္ဒထုတ်ဖော်ရခြင်း၏ အကြောင်းအ ရာများကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
Source - ရန်ကုန်သတင်းပုံရိပ်

0 comments:

Post a Comment