Saturday, July 18, 2020

NLDအစိုးရလက်ထက်၌ ပြည်သူတစ်ဦးလျှင် ပြည်ပကြွေးမြီ ရှစ်သိန်းရှစ်သောင်း အကြွေးတင်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြောဆို

ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်(၅)နှစ်အတွင်း၌ ဘတ်ဂျတ်လိုငွေသည် (၈၀၂၈)ဘီလီယံဖြစ်ပြီး NLD အ စိုးရ စတင်တာဝန်ယူချိန်မှ ယနေ့အထိ အစိုးရ၏ ဘတ်ဂျတ်လိုငွေသည် (၂၃၁၁၁)ဘီလီယံရှိကြောင်း ဥက္ကဋ္ဌ ဦးသန်းဌေးပြောပါတယ်။
အလားတူ NLD အစိုးရသည် ၂၀၂၀ တစ်နှစ်တည်း၌ ဘတ်ဂျတ်လိုငွေသည် (၇၀၂၇)ဘီလီယံရှိပြီး ပြည်ခိုင်ဖြိုးအစိုးရ၏ ငါးနှစ်လိုငွေ နီးပါးနှင့်ညီမျှကြောင်း ဥက္ကဋ္ဌ ဦးသန်းဌေးပြောပါတယ်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်သည့် အခြေအနေများကို NLDအစိုးရလက်ထက်၌ ပြည်သူတစ်ဦးလျှင် ပြည်ပကြွေးမြီ ရှစ်သိန်းရှစ်သောင်း အကြွေးတင်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment