Friday, July 24, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ပထမဆုံးအကြိမ် ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် အစ္စလာမ်ဘာသာဝင်အနည်းငယ် ပါဝင်လာခဲ့ပါတယ်။
NLD က ပထမဆုံးအကြိမ် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းများအဖြစ် မန္တလေးတိုင်း စဉ့်ကိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ဒေါ်ဝင်းမြမြ နှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ကိုစည်သူမောင်တို့ကိုNLD က ရွေးချယ်လိုက်ပါပြီ။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားဖိနှိပ်မှုတွေ အကျယ်အပြန့် ရှိနေတယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြစ်တင်ရှုတ်ချမှုအပြင် ပြည်တွင်းမှာလည်း ဗုဒ္ဓဘာသာဝင်တချို့ရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အခုလို အစ္စလာမ်ဘာသာဝင် အနည်းငယ်ကို ထည့်သွင်းရွေးချယ်လိုက်တာဟာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးစားမှုတခုဖြစ်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။

0 comments:

Post a Comment