Tuesday, July 14, 2020

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ယူမည်ဆောင်ရွက်မည်ဖြစ်

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင်လည်း ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည်ဖြစ် ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်း ရေးမှူး မုံရွာအောင်ရှင်က ပြောကြားခဲ့သည်။
မုံရွာအောင်ရှင်က '' ကျွန်တော်တို့ အခု သိရသလောက်ကတော့ အောင်နိုင်ရေးဥက္ကဋ္ဌက ဒေါ်အောင် ဆန်းစုကြည်ပါပဲ" ဟု ဆိုသည်။
ယခုဇူလိုင်လ ၅ ရက်နေ့က NLD ပါတီ၏ ဌာနချုပ်ရုံးခွဲကို နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပြီး အဆိုပါရုံးတွင် နိုင်ငံ တော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လာရောက် ရုံးထိုင်မည်ဖြစ်သောကြောင့် အောင်နိုင်
ရေးရုံးကိုလည်း နေပြည်တော်၌ပင် ထားရှိမည်ဟူသော ခန့်မှန်းပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
" အခုလောလောဆယ် ကျွန်တော် သိသလောက်က တော့ ဒေါ်အောင်ဆန်းစုကြည်လည်း နေပြည်တော် မှာ ရုံးထိုင်တယ်လေ။ နောက် သမ္မတကြီး ဦးဝင်းမြင့် တို့လည်း အဲဒီကာလတွေက ရုံးထိုင်ဦးမှာပဲဆိုတော့ဖြစ်နိုင်ခြေရှိပါတယ်''ဟု မုံရွာအောင်ရှင်က ပြောကြားသည်။
ရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တာ မွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဝင်ရောက်ယှဉ်မည် မယှဉ်ပြိုင်မည်ကိုမူ ယခုအထိ သဲသဲကွဲကွဲ မသိရသေးပေ။
လာမည့် ဇူလိုင်လ ၂၀ ရက်နေ့ ဝန်းကျင်တွင် NLD သည် ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်း အမည် စာရင်းကို ကြေညာမည်ဖြစ်ကာ ထိုအချိန်မှသာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရွေးကောက်ပွဲ ဝင်မဝင်နှင့်ဝင်ခဲ့ပါကလည်း မည်သည့်မြို့နယ်မှ ဝင်ရောက် မည်ကို သိရှိရမည်ဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
Crd : The Ladies

0 comments:

Post a Comment