
တစ်ပါတီစနစ်နှင့်အုပ်ချုပ်သည့်စနစ်ကို မကြိုက်၍ မဲပေးခဲ့သော်လည်း ရွေးကောက်ပွဲနှင့်တက်လာသည့်လက်ရှိအစိုးရသည် တစ်ဦးတည်းလွှမ်းမိုးသည့်စနစ် (တစ်ပါတီစနစ်)ကို ဆက်လက်ကျင့်သုံးနေကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကဝေဖန်ပြောဆိုလိုက်သည်။
“ လက်ရှိအစိုးရက ရွေးကောက်ပွဲနဲ့ တက်လာသော်ငြားလည်း တစ်ဦးတည်းလွှမ်းမိုးတဲ့စနစ် (တစ်ပါတီစနစ်) ကိုပဲ ကျင့သုံးနေတယ်လို့မြင်တယ်၊ ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည်က နေရာတကာလည်းသူပါတာပေါ့၊ နေရာတကာမှာလည်း သူခေါင်းဆောင်ပြီး တာဝန်ယူထားတဲ့အတွက် သူ့ရဲ့သဘောတူညီချက်မရဘဲ အဆုံး အဖြတ်မပေးနိုင်ကြဘူး၊ အထူးသဖြင့် ငြိမ်းချမ်းရေးမှာဦးဆောင်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေက ဆုံး ဖြတ်ချက်မပေးနိုင်ဘူုး၊ တစ်ခုခုဆုံးဖြတ်ရမယ်ဆိုရင် အကြောင်းကြားရတယ်၊ အများကြီးနောက်ကျသွားတယ်”ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
တစ်ပါတီစနစ်သည် တိုင်းပြည်တစ်ခုကို နိုင်ငံရေးအယူအဆတစ်မျိုးတည်းကိုသာ ကျင့်သုံးရန် ပါတီတစ်ခုတည်းမှ အုပ်ချုပ်သည့်စတစ်ဖြစ်ပြီး ယင်းစနစ်တွင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊ တ ရားရုံးချုပ်အစရှိသည့် အဆောက်အဦးများ လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာပါဝင်သော်လည်း အစစ် အမှန်အာဏာပိုင်မှာ လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေသည့်ပါတီသာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီ ၁၉၇၄ ခုနှစ်မှစတင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီတည်းကအုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်နှင့် အုပ်ချုပ်ခံခဲ့ရဖူးကြောင်း၊ ယင်းအပြင် ဦးသိန်းစိန်အစိုးရလက် ထက်တွင်လည်း တစ်ပါတီတည်းအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့ပြီး လက်ရှိအာဏာရပါတီဖြစ်သည့် NLD ပါတီသည်လည်း ယင်းစနစ်အတိုင်းဆက်လက် ကျင့်သုံးနေကြောင်း သိရသည်။
Ref ; The Fifth Wave News
0 comments:
Post a Comment