Friday, July 24, 2020

NLDပါတီမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်

NLDပါတီမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။
ဦးသန့်စင်မောင်သည် မုံရွာမြို့နယ်၊မုံရွေးကြေးမုံရွာဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ်မုံရွာမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှဝင် ရောက်ယှဉ်ပြိုင်အရွေးခံကာ အနိုင်ရခဲ့သူ ဖြစ်သည်။
၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိပြီးနောက်အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင်ပို့ဆောင်ရေး၊ မီးရထားနှင့် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့အားစုစည်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းပြီး ဦးသန့်စင်မောင်အား ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

0 comments:

Post a Comment