Monday, July 20, 2020

NLD ပါတီအမတ် ဒေါ်စန္ဒာမင်း ၂၀၂၀ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခြင်းကိုပြန်လည်ရုတ်သိမ်း

NLDပါတီ၏ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည်၂၀၂၀ရွေးကော်တွင် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ခြင်းကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါကိုယ်စားလှယ်လောင်းအဖြစ်မှရုတ်သိမ်းကြောင်းကို ဒေါ်စန္ဒာမင်းကိုယ်တိုင်လူမှုကွန်ယက်မှာရေးသားထားပြီး လူကြီးများရဲ့လမ်းညွှန်ချက်ကြောင့်လိုရေးသားထားပါသည်။
လက်ရှိ တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ယခု လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း လျောက်လွှာတင်ထားခြင်းကို လူကြီးများရဲ့ လမ်းညွှန်ချက်အရ ရုတ်သိမ်းလိုက်ကြောင်း အသိပေးရေးသားထားကာ မိမိအနေဖြင့် ပါတီအောင်နိုင်ရေး မိမိမြို့နယ်အောင်နိုင်ရေး အတွက်ကိုပါတီအပေါ်သစ္စာရှိစွာ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း လေးစားစွာ ဖြင့် အသိပေး အပ်ပါကြောင်းရေးသားထားသည်။
လက်ရှိ အစိုးရလက်ထက်တွင် ဒေါ်စန္ဒာမင်းသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းများနှင့်အဆိုများကို ထိရောက်စွာ တင်ပြနိူင်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်ထင်ရှားသူတစ်ယောက်ဖြစ်သည်။
Crd : Sandar Min #Myanmar_Online_News

0 comments:

Post a Comment