Friday, July 17, 2020

ထုတ်ပယ်ခံရသည့် ဝါးခယ်မမြို့နယ် NLD အလုပ်မှုဆောင်များ ပါတီရုံးချုပ်(ရန်ကုန်)သို့လာရောက်ဖြေရှင်းသော်လည်း တာဝန်ရှိသူများနှင့်တွေ့ခွင့်မရသဖြင့် နေပြည်တော်သို့ သွားရောက်ဖြေရှင်းမည်ဖြစ်ကြောင်းသိရ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အုပ်စုဖွဲ့ကာ မမှန်မကန် ဆောင်ရွက်ခဲ့သည်ဆိုကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး ၊ ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် မြို့နယ် NLD အလုပ်မှုဆောင် စုစုပေါင်း ၂၁ ဦး အနက်မှ ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ၁၂ ဦးက ပါတီဝင်အဖြစ် ထုတ်ပယ်လိုက်ခြင်းအပေါ် ဖြေရှင်းရန်အတွ ဇူလိုင် ၁၆ ရက် ယနေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးချုပ်သို့ လာရောက်ခဲ့ကြသည်။
သို့သော် ပါတီ ဗဟိုမှ အဆိုပါ ကိစ္စကို မသိရှိရကြောင်း ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းမှ ပြောကြားခဲ့ပြီး ဒေါက်တာမျိုးညွန့် လုပ်သည့် ကိစ္စဖြစ်သည့် အတွက် သူနှင့်သာ ဆက်သွယ်ပါရန်ပြောကြားခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင်များမှ ဒေါက်တာမျိုးညွန့်ကို အဆက်အသွယ်ရရှိရန်ကြိုးစားသော်လည်း အဆက်အသွယ်မရရှိကြောင်း သိရသည်။
ထို့ကြောင့် NLD ပါတီ ယာယီဌာနချုပ်ပြုလုပ်ထားပြီး ပါတီ ဉက္ကဌနှင့် ဒုဉက္ကဌတို့ရုံးထိုင်သည့် နေပြည်တော် ပါတီရုံးခွဲသို့ သွားရောက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment