Thursday, July 16, 2020

ဝါးခယ်မမြို့နယ် NLD ပါတီအဖွဲ့ဝင်များတာဝန်မှရပ်ဆိုင်းခံရသည့်အပေါ် လာရောက်ဖြေရှင်းရာတွင် တွေ့ခွင့်မရပါက နေပြည်တော်ပါတီရုံးခွဲသို့ သွားရောက်ဖြေရှင်းမည်ဟု ပါတီအတွင်းရေးမှူး ဦးအောင်ကြွယ်ပြော

ဝါးခယ်မမြို့နယ် NLD ပါတီအဖွဲ့ဝင် ၂၁ ဦးတာဝန်မှ ရပ်ဆိုင်းခံရသည့်အပေါ် လာရောက်ဖြေရှင်းရာတွင် တွေ့ခွင့်မရလျှင် နေပြည်တော်ရှိ ပါတီရုံးခွဲသို့ တစ်ပတ်အတွင်းသွားရောက် တိုင်ကြားသွားမည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး ဦးအောင်ကြွယ်က ပြောသည်။
အဆိုပါ ပါတီဝင် ၂၁ ဦး တာဝန်မှရပ်ဆိုင်းခြင်းခံရသည့်အပေါ် ပါတီဝင် ၁၁ ဦးမှ ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်သို့ လာရောက်တွေ့ဆုံဖြေရှင်းခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်။
ဝါးခယ်မမြို့နယ် NLD ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးအောင်ကြွယ်အပါအဝင် ပါတီဝင် ၂၁ ဦးအား ပါတီဝင်အဖြစ်မှ ရုပ်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
crd-MyanmarLuDuMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment